.


( 22-2-2010 နေ့တွင် မြို့မအပျော်တမ်း တူရိယာ အသင်းကြီး၏ websiteကို
စ,တင်ပါသည် )


"http://www.myomamusic.com"


မြို့မငြိမ်း၏ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီကို ၁၇ရက် ဖေဖော်ဝါရီ ၂ဝ၁ဝ နေ့တွင် စတင်ဖွဲ့စည်း ပြီးပါကြောင်း


 

ဒုတိယအကြိမ် အတည်ပြုထားသော

မြို့မငြိမ်းကြေးရုပ်တုပုံစံငယ်

 ပထမအကြိမ်ကြေးရုပ်တုပုံစံငယ်နှင့် ဒုတိယအကြိမ်ကြေးရုပ်တု ပုံစံငယ်ကို
ဒီနေရာလေးမှာ ကြည့်နိုင်ပါကြောင်း ။



 


အလှူငွေများပေးအပ်လှူဒါန်းလိုပါက

♦ဒေါက်တာလှခိုင် - 02-91001661
♦ဦးသန့်ဇော် - 092002500
♦ဦးခင်မောင်ဆွေ -092053267
♦စာရေးဆရာဆူးငှက် -092003139
♦ဦးဇော်ဝင်းသန်း -09-2026400
♦မြို့မအသင်းတိုက် 02-39748 သို့
ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း


မြို့မငြိမ်းကြေးရုပ်တုအတွက်
( 4 - 9 - 2011 ) နေ့ထိ ထပ်မံ လှူဒါန်းသူများစာရင်း


♦ဦးမောင်နိုင် ၊ နမ့်တော ဟုမ္မလင်းမြို့နယ်
စစ်ကိုင်းတိုင်း
အလှူတော်ငွေ ......... ၅၀,၀၀၀ိ/-
>



မြို့မငြိမ်းကြေးရုပ်တုအတွက်
ပါဝင်လှူဒါန်းပြီးသူများစာရင်း



♦ဒေါ်ရီရီငြိမ်း မိသားစု
(မ,တည်ငွေ) ......... တစ်ဆယ်သိန်းကျပ် ။
♦မြို့တော်ဝန် ဗိုလ်မှူးချူပ်ဖုန်းဇော်ဟန် အလှူတော်ငွေ ...... တစ်ဆယ်သိန်းကျပ် ။

♦ ဦးမောင်မောင်အေး နှင့် မိသားစု အလင်္ကာဝတ်ရည် တေးဂီတ ရန်ကုန်မြို့မှ အလှူတော်ငွေ- တစ်ဆယ်တစ်သိန်းကျပ်။

♦SOE ELECTRIC & MACHINERY CO.,LTD
ဦးစိုးတင့် ဒေါ်ရင်နု မိသားစု
အလှူတော်ငွေ .......... ငါးသိန်းကျပ် ။

♦ဗိုလ်မှူးလတ်မြင့်သိန်း
မန္တလေး စည်ပင်သာယာရေးကော်မတီ အလှူတော်ငွေ ........... သုံးသိန်းကျပ် ။
♦VEC ပညာ့ရိပ်သာ ဒေါ်ဝင်းဝင်းမေ
အလှူတော်ငွေ .......... သုံးသိန်းကျပ် ။

♦ဦးခင်မောင်ဆွေ+ဒေါ်နီနီကောင်း
galaxy hotel မိသားစု
အလှူတော်ငွေ .......... နှစ်သိန်းကျပ် ။
♦အမည်မဖော်လိုသူ အလှူရှင်တစ်ဦး
အလှူတော်ငွေ .............. နှစ်သိန်းကျပ်
♦ ဦးလှမြင့် ဒေါ်မြင့်တင် (သား)ကိုအောင်အောင်မိုး ၊
ပြည့်ဝ ကြေးသွန်းလုပ်ငန်း မှ အလှူတော်ငွေ .... နှစ်သိန်းကျပ် ။

♦ ဦးသန့်ဇော်(မြို့မ)+ဒေါ်လှလှသန်း
သမီး-မအိဖြူဖြူသန့်ဇော်
အလှူတော်ငွေ ............ တစ်သိန်းကျပ် ။
♦ဒေါက်တာအောင်ကြီး နှင့်
ဒေါက်တာအောင်မြင့်
အလှူတော်ငွေ ............. တစ်သိန်းကျပ် ။
♦မန္တလေးတိုင်း ဂီတအစည်းအရုံး
အလှူတော်ငွေ ............ တစ်သိန်းကျပ် ။
♦ဦးစိန်မြင့် (ရွှေချည်ထိုး) အလှူတော်ငွေ .......... တစ်သိန်းကျပ် ။
♦ဦးကျော်မျိုးထွန်း+ဒေါ်ရီရီစု
သုခသစ္စာဆေးဆိုင် မိသားစု
အလှူတော်ငွေ .......... တစ်သိန်းကျပ် ။
♦လူထုဦးလှ + လူထုဒေါ်အမာ
လူထုမိသားစု
အလှူတော်ငွေ .......... တစ်သိန်းကျပ် ။
♦ဒေါက်တာသန်းဝင်း
မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ်
အလှူတော်ငွေ .......... တစ်သိန်းကျပ် ။
♦မြန်မာသီချင်းရေးဆရာများကလပ်
ကုမ္ပဏီလီမိတက်
အလှူတော်ငွေ ....... တစ်သိန်းကျပ် ။
♦ ဦးကျော်ဝင်း ၊ ဦးဘိုဘိုဝင်း ၊ ဦးသက်ဝင်းတင့်
စင်္ကာပူနိုင်ငံ မှ
အလှူတော်ငွေ ..... တစ်သိန်းကျပ် ။

♦ကိုချိုလေး နွေငြိမ်းမိသားစု
အလှူတော်ငွေ ........... ၅၀,၀၀၀ိ/-
♦ဆရာဇော်ဂျီ ၏သမီးထွေး
ဒေါက်တာဒေါ်ခင်အုန်းဟန်
(မျက်စေ့အထူးကု ဆရာဝန်ကြီး) +
သမီး ဒေါက်တာသီသီအောင်
အလှူတော်ငွေ .......... ၅၀,၀၀၀ိ/-
♦မြင်းခြံ မြို့မတူရိယာအသင်း ဥက္ကဌ
ဦးကျော်ထွန်းအေး
အလှူတော်ငွေ ......... ၅၀,၀၀၀ိ/-
♦မြန်မာနိုင်ငံ ဂီတအစည်းအရုံး (မြင်းခြံမြို့နယ်)
အလုပ်အမှုဆောင် ဒေါ်ခင်ဝင်းနွယ်
အလှူတော်ငွေ ......... ၅၀,၀၀၀ိ/-
♦ဦးထွန်းဦး + ဒေါ်နွဲ့နွဲ့ရီ
ထွန်းဦးစာပေမိသားစု
အလှူတော်ငွေ ........ ၅၀,၀၀၀ိ/-
♦ဦးတင်ထွန်း + ဒေါ်နွဲ့နွဲ့ရီ
မြကေသီ အင်ဂျင်ဝိုင်ရောင်းဝယ်ရေး မိသားစု
အလှူတော်ငွေ ........ ၅၀,၀၀၀ိ/-
♦ဦးသန်းထွန်း ဒေါ်လှလှမြင့်
လူထုဘလောက်မိသားစု ၂၆လမ်း မန္တလေး
အလှူတော်ငွေ ......... ၅၀,၀၀၀ိ/-
♦ ဦးငွေသိန်း နာယက (မန္တလေးလမ်းညွှန်)
၈၄လမ်း x ၂၆လမ်း
မြောက်ဘက်တိုက်တန်း
အလှူတော်ငွေ ............. ၅၀,၀၀၀ိ/-
♦ဦးခင်မောင်သန်းနှင့် မိသားစု
(တေးချစ်သူ တေးဂီတ)
အလှူတော်ငွေ ........... ၅၀,၀၀၀ိ/-

♦ကိုဖိုးကျော်(ကျော်ရင်မောင်-ရေဦး) + မကြည်ကြည်စိုး
ရတနာပုံမုန့်မျိုးစုံရောင်းဝယ်ရေး မိသားစု
အလှူတော်ငွေ ........ ၃၀,၀၀၀ိ/-

♦ရွာစားကြီး စိန်တင်ဟန် မိသားစု
အလှူတော်ငွေ .......... ၁၀,၀၀၀ိ/-
♦ဒေါ်တင်တင်ဝင်း မန္တလေး
အလှူတော်ငွေ .......... ၁၀,၀၀၀ိ/-
♦ဦးမြင့်နိုင်+ဒေါ်နွယ်နွယ်နန်းရှေ့
အလှူတော်ငွေ ........... ၁၀,၀၀၀ိ/-
♦နိုင်ငံကျော်အဆိုတော် ရီရီခင်မိသားစု
အလှူတော်ငွေ ......... ၁၀,၀၀၀ိ/-
♦ဦးစိန်သင် Dr.ခင်ဝင်းအေး မိသားစု
အလှူတော်ငွေ ........... ၁၀,၀၀၀ိ/-

ဆွေးနွေးစရာများ

Loading… Loading feed

Members

  • Dr Hla Khaing
  • Thant Zaw (Myoma) , Mandalay.
  • Steve Breaston
  • Johnson, Wesley
  • Larry Fitzgerald
  • minthu
  • Larry Fitzgerald
  • Larry Fitzgerald
  • waiyantun
  • Jimmy, Green
  • myo win
  • Larry Fitzgerald
  • Aung Phyo Min
  • minkyawyu
  • LaRod Stephens-Howling
  • aungmyatsoe
  • Billups, Chauncey
  • Larry Fitzgerald
  • Billups, Chauncey
  • Myint Soe

ဒီနေ့........ဒီအချိန်.....ဒီနေရာလေးမှာ




Videos

  • Add Videos
  • View All

Blog Posts

ko tun

hi from ko tun

Posted by ko tun on June 24, 2011 at 12:13am 0 Comments

Maung Maung Than

database of old songs

Posted by Maung Maung Than on March 9, 2011 at 1:56pm 2 Comments

၁၉၂၅ ခုနှစ်တွင် တည်ထောင်သည်။

 

မြို့မကိုချစ်သောဂီတ၀ါသနာရှင်များအားလုံးကျန်းမာချမ်းသာကြပါစေလို့ .....

မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်းကြီးမှ အာရှအလင်းရောင် ဖောင်ဒေးရှင်း ကုသိုလ်ဖြစ်ဆေးခန်း မန္တလေး အတွက် အလှူငွေလှူဒါန်း



22-2-2012နေ့တွင် မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်းကြီးမှ အာရှအလင်းရောင်
ဖောင်ဒေးရှင်း ကုသိုလ်ဖြစ်ဆေးခန်း မန္တလေးအတွက် လှူဒါန်းသောအလှူငွေ ကျပ်တစ်သိန်းတိတိကို မြို့မအပျော်တမ်းတူရိယာအသင်း၏အလုပ်အမှုဆောင်အဖွဲ့ဝင်
ဦးသန့်ဇော်(မြို့မ)က ပေးအပ်လှူဒါန်းရာ အာရှအလင်းရောင်ဖောင်ဒေးရှင်းမှ တာဝန်ခံဆရာဝန်
ဒေါက်တာထင်လင်းက လက်ခံရရှိပါသည် ။

မြို့မတူရိယာအသင်းကြီးနဲ့ မြို့မချစ်သူမြို့မမိတ်ဆွေများရဲ့ အလှူဒါနများ



12-12-2011နေ့မှာ မန္တလေး မြို့မတူရိယာအသင်းကြီး နဲ့ မြို့ကိုချစ်တဲ့ မြို့မမိတ်ဆွေများက မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ယောချောင်း
တစ်လျောက်မှ ရေဘေးသင့်ရွာများမှာ အလွန်အလိုအပ်ဆုံးဖြစ်တဲ့ အဝီစိတွင်းများကို သွားရောက်
လှူဒါန်းပါတယ် ။ အဝီစိတွင်းများ တူးဖော်ဖို့ရာမှာ ချောက်မြို့မနောဖြူလူမှုရေးအသင်းမှ
ဒေါ်ဝင်းဝင်းသန်း ၊ ဦးမင်းနိုင် ၊ ဒေါ်စန်းမြင့် ၊ ဒေါ်ခင်ဌေးလွင်တို့က အများဆုံးအညီပေးကြပါတယ် ။

ယနေ့ထိ ရေချိုထွက်၍လုံးဝပြီးစီးသွားတာ ၄တွင်းဖြစ်ပြီး ကျန်တွင်းများလည်း ရက်ပိုင်းအတွင်းပြီးစီး
တော့မှာ ဖြစ်ပါတယ် ။ မြို့မအသင်းကြီးမှ ရေဘေးသင့်ရွာ ၇ရွာအတွက် အဝီစိတွင်းပေါင်း ၁၀တွင်း
စတင်တူးဖေါ်လှူဒါန်းခြင်းဖြစ်ပြီး ၊ တစ်ရွာနှင့်တစ်ရွာ မြေအနေအထား ရေအနေအထားများကြောင့်
တွင်းအတိမ်အနက်မတူညီနိုင်ပါ ။ သို့ပါသောကြောင့် ကုန်ကျစရိတ်လည်းမတူညီသဖြင့် ၊ ပဏာမ
တူးဖေါ်တဲ့ ၁၀တွင်းပြီးစီးပါက ကျန်ရှိနေသေးသောအလှူခံရရှိငွေများကိုလည်း နောက်ထပ်အဝီစိ
တွင်းများထပ်မံတူးဖေါ်လှူဒါန်းသွားမှာဖြစ်ပါတယ် ။

နောက်ထပ်လှူဒါန်းမယ့်အလှူရှင်များရှိပါက မြို့မတူရိယာအသင်းသို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ် ။

ယခုတူးဖေါ်နေတဲ့ ရွာ၇ရွာမှာ (၁)တူရွင်းမျောရွာအတွက် အဝီစိတွင်း ၁တွင်း ၊ (၂)မယ်ဇလီကွေ့ရွာအတွက် အဝီစိတွင်း ၁တွင်း ၊
(၃)ဒေါသာရွာအတွက် အဝီစိတွင်း ၁တွင်း ၊ (၄)ကံတွင်းရွာအတွက် အဝီစိတွင်း ၂တွင်း ၊
(၅)ဆင်လမ်းချောင်းရွာအတွက် အဝီစိတွင်း ၃တွင်း ၊ (၆)ချောင်းမကြီးရွာအတွက် အဝီစိတွင်း ၁တွင်း (၇)စိုက်ခန်းရွာအတွက် အဝီစိတွင်း ၁တွင်း တူးဖေါ်လှူဒါန်းခြင်းဖြစ်ပါတယ် ။ ရွာများသို့ အဝီစိတွင်း
များအပြင် ဆန်အိတ်များ မုန့်ဂျပ်ပုံးများ အဝတ်အထည်အမျိုးမျိုး အသစ်အဟောင်းအမျိုးစုံ အထည်
၅ထောင်ကျော် သင်္ကန်းများ စောင်များ ဗလာစာအုပ်များလည်း ပါဝင်လှူဒါန်းပါတယ် ။ မနောဖြူအဖွဲ့
မှ ဒေါ်ခင်ဌေးလွင်ကလည်း စောင်များပါဝင်လှူဒါန်းပါတယ် ။ လှူဒါန်းခဲ့တဲ့ ပစ္စည်းများအားလုံး
အတွက် သာဓုခေါ်ဆိုနိုင်ရန် တင်ပြလိုက်ရပါတယ် ။

နောက်ထပ်အစီအစဉ်တစ်ခုကတော့ မြို့မတူရိယာအသင်းကြီးနဲ့ မြို့မမိတ်ဆွေမျာက မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ဘဲကျကျေးရွာမှာ အ၀ီစိတွင်း ၂တွင်း ယနေ့ထပ်မံလှူဒါန်းလိုက်ပါပြီ ။

မြို့မရဲ့တယောဆရာကြီး ဦးတင်ဝင်း ကွယ်လွန်


မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်းကြီးရဲ့ တယောဆရာကြီးဖြစ်တဲ့ မန္တလေးမြို့သစ် ဆ-၇/၁၁ နေ တယောဆရာကြီး ဦးတင်ဝင်း (အသက် ၆၅နှစ်)သည် ၂၉-၁၁-၂၀၁၁ အင်္ဂါနေ့ ညနေ ၅:၂၀အချိန်တွင် ၉၆ပါးသောရောဂါဖြင့် ကွယ်လွန်အနိစ္စ ရောက်ရှိသွားပါတယ် ။ ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်လယ် နဲ့ သား၂ယောက် သမီး၁ယောက် ကျန်ရစ်ပါတယ် ။ မနက်ဖြန် နေ့လည် ၁:၀၀ နာရီအချိန် တောင်မြင့်သုဿာန်သို့ ပို့ဆောင်သင်္ဂြိုလ်မှာ ဖြစ်ပါတယ် ။ မြို့မတူရိယာအသင်းကြီးမှ သူ့မိသားစုများနဲ့ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းမိပါကြောင်း ။ ဆရာဦးတင်ဝင်း ကောင်းရာသုဂတိသို့ လားပါစေ လို့ ဆုတောင်းမေတ္တာ ပို့သကြပါကြောင်း ။

ပခုက္ကူရေဘေးအတွက် မြို့မတူရိယာအသင်းကြီး အလှူခံထွက်

မကွေးတိုင်း ပခုက္ကူမြို့နယ် ဆိပ်ဖြူမြို့နယ်များတွင် ကြုံတွေ့ခဲ့ကြတဲ့ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီပေးနိုင်ရန်အတွက် မြို့မတူရိယာအသင်းကြီးက 9-11-2011နေ့မှ 13-11-2011နေ့ထိ ၅ရက်တိုင်တိုင် ငွေငန်းအလှပြယာဉ်ကြီးဖြင့် မြို့လုံးအနှံ့ အလှူခံ
ထွက်ခဲ့ကြပါတယ် ။ စေတနာရှင်ပြည်သူများက မိမိတို့စေတနာ
အလျောက် လှူဒါန်းခဲ့ကြရာမှာ အလှူတော်ငွေ 15,328,650ကျပ်
(ကျပ်သိန်းတစ်ရာ့ငါးဆယ်ကျော်) ၊ အဝတ်အထည်အသစ်များ ပီနန်အိတ် ၁၀လုံးကျော် ၊ အဝတ်အထည်အဟောင်းများ အထည်၎ထောင်ကျော် ၊ ဆန်အိတ်များ ၊ စားသောက်ကုန်များ ၊ အလှူခံရရှိ
ခဲ့ပါတယ် ။ မန္တလေး ပုလဲငွေရောင်ရပ် ၂၁လမ်းx၈၆လမ်းထောင့်ရှိ
မြို့မတူရိယာအသင်းတိုက်တွင်လည်း အလှူခံဌာနဖွင့်လှစ်ထားရှိ
သဖြင့် စေတနာရှင်များ လာရောက်လှူဒါန်းနိုင်ကြပါတယ် ။
ငွေငန်းအလှပြယာဉ်ကြီးမှလည်း အလှူခံအတွက်အထူးစပ်ဆိုထားတဲ့
တေးသီချင်းအသစ်များဖြင့် လှည့်လည်သီဆိုတီးမှုတ်ဧည့်ခံပေးခဲ့ကြ
ပါတယ် ။

လာမယ့်နှစ် ပွဲရာသီအတွက် လမိုင်းတင်ပွဲ နဲ့ ဆုပေးပွဲပြုလုပ်

8-10-2011နေ့က မြို့မအသင်းတိုက်မှာ လာမယ့်ပွဲရာသီအတွက် လမိုင်းတင်ပွဲပြုလုပ်ပါတယ် ။ တေးသီချင်းအသစ်များလည်း ရေးစပ်သီကုံး သီဆိုတီမှုတ်နိုင်ရန် သီချင်းသစ်များတိုက်ကြပါတယ် ။

ရှေ့နှစ်အတွက် စည်းကမ်းရှိရှိနဲ့ လုပ်ဆောင်ကြဖို့ အမှုဆောင်လူကြီးများက အသင်းသူအသင်းသားများအား
ရှင်းလင်းတင်ပြပါတယ် ။ ကြိုးစားလုပ်ဆောင်ကြဖို့နဲ့ ယခုနှစ်မှာ ဆုပေးတဲ့စနစ်ကိုကျင့်သုံးထားကြောင်း ၊ ရှေ့နှစ်တွင်လည်း ကြိုးစားကြဖို့ မှာကြားပါတယ် ။

အဲဒီနောက်မှာတော့ ပွဲတီး တစ်ပွဲမှမပျက်တဲ့ စန္ဒရားဆရာ ကိုအောင်လွင်ဦးကို ဆုငွေကျပ်
တစ်သိန်း ၊ တစ်ပွဲပျက် နှစ်ဦးဖြစ်တဲ့ လေမှုတ်ဆရာ ကိုစိန်မြင့် နဲ့
တယောဆရာကိုဇင်မင်းထွန်း တို့ကို ဆုငွေကျပ်၅သောင်းစီ ၊ နှစ်ပွဲပျက်တဲ့ လေမှုတ်ဆရာ ကိုသန်းအောင်နဲ့စက်ဆရာကိုဒေဝတို့ကို
ဆုငွေကျပ်၃သောင်းစီ အသီးသီးဆုချီးမြှင့်ပေးလိုက်ပါတယ် ။ ဆိုကရေးတီး ဗဟိုအဆင့်ယှဉ်ပြိုင်ဆုရရှိခဲ့တဲ့ တေးသံရှင် ဇော်မျိုးသက် နဲ့ အေးစိုးထိုက်တို့ ၂ဦးကိုလည်း ကျပ်၅သောင်းစီ
ချီးမြှင့်ခဲ့ပြီး အသင်းသားအသင်းသူများကို နေ့လည်စာဖြင့် တည်ခင်း
ကျွေးမွေးကြပါတယ် ။

မြို့မတူရိယာအသင်း အတီးပညာရှင်တစ်ဦးကွယ်လွန်ခြင်း

မန္တလေးမြို့ မြို့မအပျော်တမ်းတူရိယာအသင်းကြီး၏ အုပ်စုတီး နှင့် Drumer အတီးပညာရှင်တစ်ဦးဖြစ်သူ ဦးခင်မောင်အေး အသက်(၅၈)နှစ်သည် ၁၃၇၃ခုနှစ် နယုန်လပြည့်ကျော် ၁၂ရက် ၊ 28-6-2011အင်္ဂါနေ့ နေ့လည်၂နာရီအချိန်တွင် မန္တလေးမြို့ မဟာမြိုင်အပိုင်း(၁)ရပ်ကွက် နေအိမ်တွင် ကျောက်ကပ်ကင်ဆာရောဂါဖြင့်ကွယ်လွန်အနိစ္စ
ရောက်သွားပါ၍ 29-6-2011တနင်္ဂနွေနေ့ နံနက် ၁ဝနာရီ အချိန်တွင် တောင်မြင့်သုဿာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပြီးစီးခဲ့ပါသည် ။ ဦးခင်မောင်အေး ကွယ်လွန်ခြင်းအတွက် မြို့မအပျော်တမ်းတူရိယာ
အသင်းကြီးမှ ကျန်ရစ်သူမိသားစုနဲ့ထပ်တူထပ်မျှ နှမြောတသ ဝမ်းနည်းကြေကွဲရပါကြောင်း ။

2011သင်္ကြန်ရက်များအတွင်း ငွေငန်းမြို့မယာဉ် လှည့်လည်ဖျော်ဖြေ

မြန်မာသက္ကရာဇ် ၁၃၇၂-ခု မှ ၁၃၇၃-ခု သို့ ကူးပြောင်းသည့် မဟာအတာသင်္ကြန်အခါသမယတွင် 13-4-2011သင်္ကြန်အကြိုနေ့ နံနက် ၈နာရီမှစ၍ 17-4-2011မြန်မာနှစ်ဆန်း ၁ရက်နေ့ နံနက် ၈နာရီခွဲအချိန်ထိ ငွေငန်းမြို့မ အလှပြယာဉ်ကြီးသည် မန္တလေးမြို့တွင် ဖိတ်ကြားထားသည့် အိမ်တော် တိုက်တော်မင်္ဂလာများ ရှေ့မှောက် လှည့်လည်သွားရောက် ဖျော်ဖြေခဲ့ကြပါသည် ။ အကြိုနေ့ နံနက်ပိုင်းတွင် နှစ်စဉ်အစဉ်အလာမပျက် ပြုလုပ်မြဲအစီအစဉ်
တစ်ခုဖြစ်သော မဟာမြတ်မုနိ ဘုရားကြီး၏အရှေ့မုဒ်တွင် ငွေငန်းကားကြီးနှင့် အသင်းသူအသင်းသားများမှ ဦးသုံးကြိမ်တိုက် ဘုရားကန်တော့ပူဇော်ကြရာ မြို့မအပျော်တမ်းတူရိယာအသင်းကြီးမှ ရောင်ခြည်တော်ဖွင့် တီးလုံးဖြင့်တီးမှုတ်ပူဇော် ဘုရားကန်တော့ကြ
ပါသည် ။ ၎င်းနေ့ညနေပိုင်း ၅နာရီခွဲအချိန် မန္တလေးမြို့ စည်ပင်သာယာရေးကော်မီတီ၏ မြို့တော်ဝန်မဏ္ဍပ် 2011အတာသင်္ကြန်ဖွင့်ပွဲအခမ်အနားတွင် ငွေငန်းမြို့မအလှပြဖျော်ဖြေရေး
ယာဉ်ကြီးပေါ်မှ မြို့မတေးသံရှင် လွင်ဦးက မြူမှောင်ဝေကင်းသီချင်း
သီဆိုတီးမှုတ်ချီးမြှင့် ပေးခဲ့ပါသည် ။ ဆက်လက်၍ ညပိုင်းတွင် ဖိတ်ကြားထားသောအိမ်များသို့ သွားရောက်သီဆိုဖျော်ဖြေတီးမှုတ်
ကြပါသည် ။ အတာသင်္ကြန်အကြိုနေ့ ၊ အကြတ်နေ့ ၊ အတက်နေ့ ညများနှင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက်ခင်းထိတိုင် သီဆို
တီးမှုတ်ဖျော်ဖြေခဲ့ကြပါသည် ။

13-4-2011 မဟာသင်္ကြန် အကြို့နေ့တွင် ငွေငန်းမြို့မ အလှပြဖျော်ဖြေရေးယာဉ်ကြီးသည် မန္တလေး မဟာမြတ်မုနိ အရှေ့မုဒ်ဦးမှနေ၍ ဦးခိုက်ပူဇော်နေပုံ ဖြစ်ပါသည် ။

 

မြို့မတူရိယာအသင်းကြီး၏ နာယကပူဇော်ပွဲကျင်းပ

12-4-2011နေ့တွင် မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်းကြီး၏ နာယကပူဇော်ပွဲကို ကျင်းပရာ နာယကကြီးများဖြစ်ကြသော မြို့မဦးပေါ ၊ ဦးစိန်ထွန်း - မြင်းမူမြို့မ ၊ ဦးကျော်ညွန့် ၊ ဦးဝင်း နှင့် အသင်းသူအသင်းသားများ စုံညီစွာတက်ရောက်ကြပါသည် ။ အသင်းသူအသင်းသားများမှ နာယကကြီးများအားပူဇော်ကန်တော့ကြပြီး မြို့မအသင်းကြီးနှင့် မီကိုကော်ဖီမစ် မှ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပါသည် ။

ငွေငန်းမြို့မ အလှပြဖျော်ဖြေရေးယာဉ်ကြီး စတင်ပြင်ဆင်နေပြီ

မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ်မှ ၁၃၇၃ခုနှစ်သို့ ကူပြောင်းမည့် နှစ်သစ်ကူးအခါသမယ မဟာသင်္ကြန်ကာလရက်များအတွင်း မန္တလေးမြို့တွင်းမှ ဖိတ်ကြားထားကြသော အိမ်တော်မင်္ဂလာအသီးသီးတွင် သွားရောက် ဖျော်ဖြေမည့် မန္တလေး ငွေငန်းမြို့မ အလှပြဖျော်ဖြေရေးယာဉ်ကြီးကို ယခုအခါ စတင်၍ ပြင်ဆင်နေပြီဖြစ်ရာ မန္တလေး မြို့မတူရိယာအသင်းတိုက်ရှေ့တွင် တွေ့မြင်နေရပုံဖြစ်ပါသည် ။ လက်သမားဆရာ ဦးခင်မောင်သန်းနှင့်အဖွဲ့ ၊ ပန်းချီဆရာ ဦးတင်အောင်နှင့်အဖွဲ့ ၊ လျှပ်စစ်မီးဆိုင်ရာ ဦးထွန်းထွန်းနှင့်အဖွဲ့ ၊ ကားအလှအပပိုင်းဆိုင်ရာအတွက် မာမီကင်းနှင့်အဖွဲ့က အသီးသီးတာဝန်ယူ လုပ်ဆောင်ပေးကြပါသည် ။

မြို့မအပျော်တမ်းတူရိယာအသင်း သင်္ကြန်သီချင်းများတိုက်

25-3-2011နေ့တွင် မြို့မအပျော်တမ်းတူရိယာအသင်းတိုက်၌ လာမည့်မဟာသင်္ကြန်ပွဲတော်တွင် ငွေငန်းအလှပြယာဉ်ကြီးဖြင့် လှည့်လည်ဖျော်ဖြေရာတွင် တီးမှုတ်သီဆိုနိုင်ရန်အတွက် သင်္ကြန်တေးသီချင်းများကို ဂီတမှူးဦးရဲထွေးမှဦးဆောင်၍ သီချင်းတိုက် လေ့ကျင့်လျက်ရှိနေကြပါသည် ။ နှစ်စဉ် သီဆိုတီးမှုတ်နေကျ တေးသီချင်းများနှင့်အတူ ထပ်မံ၍တေးသီချင်းသစ်များကိုပါ ထည့်သွင်းသီဆိုနိုင်ရန် လေကျင့်နေကြခြင်းဖြစ်ပါသည် ။ ရှေးက တေးရေးဆရာကြီးများဖြစ်ကြသော မြို့မငြိမ်း ၊ ဦးဘသိန်း ၊ ဦးဘိုခင် ၊ မြို့မဦးပေါ တို့၏တေးသီချင်းများ ၁၀ပုဒ် ကို သီဆိုတီးမှုတ်လေ့ကျင့်နေကြသည့်အပြင် မြို့မ၏တေးရေးဆရာများဖြစ်ကြသော ဦးရွှန်းမြိုင် ၊ ဦးရဲထွေး ၊ သန်းမောင်ဝင်း ၊ လွင်ဦး ၊ မောင်မောင်စိန် ၊ ဝင်းဖေ ၊ မြမြမိုးတို့၏ တေးသီချင်းအသစ်များကိုပါ သီဆိုတီးမှုတ် သီချင်းတိုက်လေ့ကျင့်နေကြသည်ကို ပုံတွင်တွေ့မြင်ရမည် ဖြစ်ပါသည် ။

မြို့မတူရိယာအသင်း သင်္ကြန်ဖျော်ဖြေရေး စတင်ပြင်ဆင်

17-3-2011နေ့ နေ့လည် ၁:ဝဝနာရီအချိန် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ် ၂၁လမ်းနှင့် ၈၆လမ်းထောင့် မြို့မအပျော်တမ်းတူရိယာအသင်းတိုက်၌ လာမည့် မြန်မာနှစ်သစ်ကူး သင်္ကြန်အခါတော်သမယတွင် မြို့မငွေငန်းအလှပြယာဉ်ဖြင့် ဖျော်ဖြေရေးအတွက် အလုပ်အမှုဆောင်အဖွဲ့ဝင်များ အသင်းသားအသင်းသူများ သီဆိုတီးမှုတ်သူများ၏ ညှိနှိုင်းဆွေးနွေးအစည်းအဝေးကို ကျင်းပပါသည် ။ ၎င်းအစည်းအဝေးတွင် အသင်းကြီးမှ မြန်မာယဉ်ကျေးမှုနှင့်အညီ စည်းကမ်းရှိစွာဖျော်ဖြေနိုင်ရေး ၊ ဖိတ်ကြားထားသောမြို့မမိတ်ဆွေများ၏ နေရာဌာနအသီးသီးသို့သွားရောက်ဖျော်ဖြေသည့်အခါ အဆင်ပြေပြေစိတ်ချမ်းမြေ့မှုရရှိကြစေရန် လမ်းကြောင်းများရေးဆွဲခြင်း ၊ တူညီဝတ်စုံများအတွက် သတ်မှတ်ရွေးချယ်ရေး ၊ အလှပြငွေငန်းယာဉ်ကြီး၏ပုံစံဒီဇိုင်း လှပစွာရေးဆွဲနိုင်ရေး ၊ ယိမ်းသမများပါဝင်ကပြမည့် အကကားသီးသန့် ထည့်သွင်းရေး ၊ တီးဝိုင်းအတွက် အသံပိုင်းဆိုင်ရာအကောင်းဆုံးဖြစ်ရန် စက်မှုပစ္စည်းသစ်များ ထပ်မံဖြည့်တင်းရေး ၊ သီချင်းဟောင်များအပြင် သီချင်းအသစ်များကိုလည်း သီဆိုနိုင်ရေး ၊ သီဆိုတီးမှုတ်သူများမှလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားကြမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ညှိနှိုင်းဆွေးနွေးကြပါသည် ။

မြို့မငြိမ်း ကြေးရုပ်တု ကြေးသွန်းလောင်းပြီးစီး

ယခုအခါ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း နှစ်(၁ဝဝ)ပြည့်အထိမ်းအမှတ်အဖြစ် ကြေးရုပ်တု ကြေးသွန်းခြင်းလုပ်ငန်းမှာ ပြီးစီးသွားပြီဖြစ်ပါသဖြင့် မကြာမီ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ် ၊ ၂၁လမ်း နှင့် ၈၆လမ်းထောင့်ရှိ မြို့မအပျော်တမ်းတူရိယာအသင်းတိုက်တွင် ပြောင်းရွှေ့ထားရှိမည်ဖြစ်ပါတယ် ။ ၎င်းကြေးရုပ်ကြီးကို မန္တလေးမြို့ တမ္ပဝတီရပ် ပြည့်ဝကြေးသွန်းလုပ်ငန်း ကြေးသွန်းဆရာ ဦးလှမြင့်တို့အဖွဲ့မှ သွန်းလောင်းခဲ့ခြင်းဖြစ်ပါတယ် ။ ကြေးပိဿာချိန် ၂ဝဝခန့် အသုံးပြု၍ သွန်းလောင်းခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။

မြို့မတူရိယာအသင်း လမိုင်းတင်ပွဲ

19-10-2010 အင်္ဂါနေ့ နံနက်၉နာရီခွဲအချိန် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ် ၂၁လမ်း နှင့် ၈၆လမ်းထောင့်ရှိ မန္တလေးမြို့မအပျော်တမ်း
တူရိယာအသင်းတိုက်တွင် 2010 / 2011ခုနှစ် ပွဲရာသီဖျော်ဖြေပွဲများကို စတင်ဖျော်ဖြေတီးမှုတ်တော့မည်ဖြစ်၍ နှစ်စဉ်ပြုလုပ်နေကျ ထုံးတမ်းစဉ်လာအတိုင်း သာသနာပွဲထိုးခြင်း လမိုင်းတင်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အသင်းမှတာဝန်ရှိလူကြီးများ ၊ အသင်းသားအသင်းသူများ ၊ သီဆိုသူများ ၊ တီးမှုတ်သူများ စုံညီစွာတက်ရောက်ကြပါတယ် ။ လမိုင်းတင်ခြင်းအခမ်းအနားတွင် စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံပြီး ရှေ့နှစ်တွင် သီဆိုတီးမှုတ်ကြမယ့် တေးသီချင်းအသစ်များကို ပျော်ရွှင်စွာ တီးမှုတ်သီဆိုကြ၍ အခမ်းနားကို ရုတ်သိမ်းလိုက်ပါတယ် ။

မြို့မတူရိယာအသင်းသားများ ဒုတိယအကြိမ်မြောက် ဒုလ္လဘရဟန်းခံပွဲ ကျင်းပခြင်း

11-8-2010နေ့တွင် မန္တလေးမြို့ 62လမ်း 32x33ကြား တောင်စလင်းတိုက်ဘာဝနာဌာနတွင် ကျင်းပသော ဒုတိယအကြိမ် မြို့မအပျော်တမ်းတူရိယာအသင်းသားများ၏ ဒုလ္လဘရဟန်းခံပွဲကို
ကျင်းပရာ ၊ အသင်းသား အယောက်30 ပါဝင်ရဟန်းပြုကြပါသည် ။ သိမ်ဆင်းပြီးသည်နှင့် မေမြို့ အနီးစခန်း ဓါတ်တော်ချိုင့်ရေတံခွန်အနီးရှိ တောင်စလင်းတိုက်ခွဲသို့ ပြောင်းရွှေ့သီတင်းသုံး၍
တရားဘာဝနာများပွားများကြပါသည် ။ ပထမအကြိမ် ဒုလ္လဘရဟန်းခံပွဲကို (လွန်ခဲ့တဲ့အနှစ် ၂၀) 8-7-1990နေ့တုန်းက ပုပ္ပါးတောင်မှာ မြို့မအပျော်တမ်းတူရိယာအသင်းသား 27ယောက် ဒုလ္လဘရဟန်းပြုခဲ့ကြပါသည် ။

မြို့မတူရိယာအသင်း ဝါဆိုသင်္ကန်းကပ်လှူပွဲ ကျင်းပခြင်း

27-8-2010နေ့က မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်းတိုက်တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပသည် ။ ပင့်သံဃာ ၅ပါးတို့ ဝါဆိုသင်္ကန်းများကို အသင်းသားအသင်းသူများက ကပ်လှူပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းပါသည် ။အခမ်အနားသို့ ကြွရောက်လာ
သော ဦးတင်ထွန်း + ဒေါ်နွဲ့နွဲ့ရီမြကေသီ အင်ဂျင်ဝိုင်ရောင်းဝယ်ရေး
မိသားစု မှ ဂီတသင်္ကေတနှင့်ပတ်သက်သော ပညာရေးအထောက်
အကူပြု ရှေးတုန်းကဂီတစာအုပ် 23အုပ်နှင့် မြို့မငြိမ်းကြေးရုပ်
ဖြစ်မြောက်ရေးအတွက် အလှူငွေ ကျပ်ငါးသောင်းကို ပေးအပ်လှူဒါန်းသွားသည် ။ ၎င်းနောက် မြို့မငြိမ်းကြေးရုပ်
ဖြစ်မြောက်ရေးအတွက် အလှူငွေ ကျပ်တစ်သိန်းကို တေးရေးဆရာ
မောင်သစ်မင်း မှ မြန်မာသီချင်းရေးဆရာများကလပ် ကုမ္ပဏီလီမိတက်ကိုယ်စား ပေးအပ်လှူဒါန်းသွားပါသည် ။ အသင်းသားအသင်းသူများ စုံညီစွာတက်ရောက်၍ ကြွရောက်လာသော ဧည့်ပရိသတ်များကို နေ့လည်စာဖြင့် ဧည့်ခံတည်ခင်းကျွေးမွေးပါသည် ။

မြို့မငြိမ်းကြေးရုပ်တု ပြီးစီးသည့်အခြေအနေ

အလင်္ကာကျော်စွာ မြို့မငြိမ်း နှစ်(၁ဝဝ)ပြည့်အထိမ်းအမှတ် ကြေးရုပ်ကို မန္တလေး တမ္ပဝတီ ကြေးသွန်းရပ်က ပြည့်ဝကြေးသွန်းလုပ်ငန်း မှ ဦးလှမြင့်နှင့် သား ကိုအောင်အောင်မိုး တို့က ပြုလုပ်နေကြရာ ၊ ယခုအခါ ဖယောင်းပုံကြမ်းအဆင့်ထိ ပြီးစီးနေသည်ကို 5-7-2010နေ့က တွေ့ရပုံ ။

မြို့မအတွက် စန္ဒရားတစ်လုံး လှူဒါန်းခြင်း

4-7-2010နေ့က မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်းတွင် အသုံးပြုရန် ၊ အမေရိကန်နိုင်ငံလုပ် CALLARDအမျိုးအစား စန္ဒရား တစ်လုံးကို ၊ မန္တလေး အောင်မြေသာစံမြို့နယ် ၈၉လမ်း ယုဇနလမ်းသွယ်-၂ ၊ တိုက်-၄ အခန်း-၃နေ ဦးသိန်းလှိုင်မိသားစု မှ လာရောက်လှူဒါန်းသွားပါကြောင်း ။

မြို့မမျိုးဆက်သစ် လေမှုတ်တူရိယာ နှင့် ဂီတသင်တန်း ဖွင့်လှစ်

2010 ခုနှစ် မြို့မမျိုးဆက်သစ် လေမှုတ်တူရိယာ နှင့် ဂီတသင်တန်းကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ် ၈၆လမ်းx၂၁လမ်းထောင့်ရှိ မြို့မအပျော်တမ်းတူရိယာအသင်းတိုက်တွင် ဇွန်လ လဆန်းမှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ် ။ သင်တန်းတွင် မြို့မတီးဝိုင်းရဲ့ ဂီတမှူးဖြစ်သူ ဦးရဲထွေးမှ ဦးဆောင်သင်ကြားပေးလျက်ရှိရာ သင်တန်းသားများမှ စိတ်ပါဝင်စားစွာဖြင့် နေ့စဉ်လာရောက် သင်ကြားနေကြပါတယ် ။ လေမှုတ်တူရိယာအပြင် တယော စန္ဒရားပညာများကိုလည်း မြို့မ တူရိယာအသင်းရဲ့ မျိုးဆက်သစ်များပေါ်ပေါက်လာရန် ရည်ရွယ်၍ သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရပါတယ် ။ တူရိယာများကို သင်ကြားရာတွင် အခြေခံကျကျဖြင့် International Notes များဖြင့် စနစ်တကျသင်ကြားပေးနေကြောင်း သိရှိရပါတယ် ။ ယခုအခါ လူဟောင်းများကို ပြန်လည်၍ မွန်းမံသင်ကြားပေးနေခြင်းဖြစ်ပြီး လူသစ်တန်းကိုလည်း လက်ခံသင်ကြားပေးမည်ဖြစ်၍ ၀ါသနာပါသဖြင့် အမှန်တကယ် သင်ကြားလိုသူများသည် သင်တန်းသို့ လာရောက်စုံစမ်းနိုင်ကြောင်း သင်တန်းဆရာများက ပြောကြားပါတယ် ။

မြို့မ မိုးခေါ်လွန်ဆွဲပွဲ ကျင်းပခြင်း

မန္တလေးမြို့တွင် မဟာသင်္ကြန်အပြီးကာလများတွင် မိုးလုံးဝမရွာပဲ အပူရှိန်များ လွန်ကဲစွာ ပူပြင်းသဖြင့် မြို့နေလူထုမှာ အပူဒဏ်ကို ဆိုးဝါးစွာ ခံစားနေကြရပါတယ် ။ အသေပျောက်များစွာရှိလာသည်အထိ အပူဒဏ်ကို အများပြည်သူများကြုံတွေ့ခံစားနေကြရသဖြင့် မြို့ပေါ်နေရာအတော်များများ
မှာ မိုးခေါ်လွန်ဆွဲပွဲများ ကျင်းပလာကြတာကိုတွေ့ရပါတယ် ။ 22-5-2010နေ့မှ 24-5-2010နေ့ထိ ၃ရက်တိုင်တိုင် မြို့မအပျော်တမ်း
တူရိယာအသင်းကြီးမှ ကြီးမှူး၍ ပုလဲငွေရောင်ရပ်ကွက်သူ ရပ်ကွက်သားများနှင့် ပူးပေါင်းကာ ငါးရံ့မင်းပရိတ်ရွတ်ပွဲ နှင့် မိုးခေါ်လွန်ဆွဲပွဲကြီးကို ကျင်းပခဲ့ပါတယ် ။ ပွဲစသည့် ပထမနေ့ ညပိုင်းမှာပင် မိုးများစတင်ရွာသွန်းခဲ့ပါတယ် ။ ဒုတိယနေ့ 23-5-2010တွင် လွန်ဆွဲပွဲကို မိုးများရွာနေစဉ်မှာပင် စည်ကားစွာ ကျင်း
ပခဲ့ပါတယ် ။ ၃ရက်တိုင်တိုင် ကျင်းပတဲ့ လွန်ဆွဲပွဲကို အမျိုးသားများဖက်မှ တစ်ရက်နိုင်၍ ၊ အမျိုးသမီးများဖက်မှ နှစ်ရက် အနိုင်ရရှိခဲ့ပါတယ် ။ မြိုမ အပျော်တမ်းတူရိယာအသင်းကြီးမှ တေးသီချင်းများ မြူးကြွစွာဖြင့်သီဆိုအားပေးကြသလို လူရွှင်တော်
ဝင်းအောင်နဲ့အဖွဲ့က သံချပ်များတိုင်၍လည်းကောင်း ရယ်ရွှင်စရာဟာသများဖြင့်လည်းကောင်း အားပေးကြပါတယ် ။ မြို့မ အသင်းကြီးမှ အဆိုတော်များကိုယ်တိုင် လွန်ပွဲကို ၀င်ရောက်ဆွဲကြတာကို တွေ့ရပါတယ် ။ အသင်းမှ အအေးစတုဒီသာများ
ဖြင့်လည်း တိုက်ကျွေးဧည့်ခံတာကို တွေ့ရပါတယ် ။ ၃ရက်တိုင်တိုင် မိုး
ခေါ်လွန်ဆွဲပွဲကြီးမှာ မိုးများဖြိုင်ဖြိုင်ရွာသွန်းခြင်းဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ် ။ အပူရှိန်များသိသိသာသာ ကျဆင်း
သွားသဖြင့် မြို့သူမြို့သားများလည်း ၀မ်းပမ်းတသာ ရှိနေကြပါကြောင်း ။

Facebook မှာ မြို့မရဲ့ Fan တင်လိုက်ပြီ

Internet social network တစ်ခုဖြစ်တဲ့ လူသိအများဆုံး Facebook မှာ " " မြို့မအပျော်တမ်းတူရိယာအသင်း(မန္တလေး) " ဆိုတဲ့ ခေါင်းစဉ်နဲ့ fan clubတစ်ခုအဖြစ် 6-4-2010အင်္ဂါနေ့မှစ၍တင်ထားပြီးဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ။ ၎င်းကို စိတ်ဝင်စားသူ မည်သူမဆို ၀င်ရောက်ကြည့်ရှုနိုင်သည့်အပြင် become a fan ရယူကြပါရန် တစ်ကမ္ဘာလုံးမှ မိတ်ဆွေများကို သတင်းကောင်းပါးရင်း ကြိုဆိုနေပါကြောင်း ။

နယ်ပွဲများပါ ဖျော်ဖြေနေတဲ့ မြို့မတူရိယာအသင်း

မြို့မအပျော်တမ်းတူရိယာအသင်းကြီးဟာ မန္တလေးမြို့ပေါ်တွင် မင်္ဂလာ ဧည့်ခံပွဲများ အလှူတော်မင်္ဂလာပွဲများ အဖွဲ့အစည်းအသီးသီးရဲ့ဖွင့်ပွဲ
အခမ်းအနားများ ဈေးပွဲတော်များ နိုင်ငံတော်အခန်းအနားများ အလှူအောင်ပွဲ မင်္ဂလာအောင်ပွဲများ စ,တဲ့စ,တဲ့ပွဲအတော်များများကို လက်ခံဖျော်ဖြေပေးနေတာကို အများပြည်သူများအသိဖြစ်ပါတယ် ။ ပွဲငှါးသူများရဲ့ စေတနာကိုတုံ့ပြန်လေးစားသောအားဖြင့် မခိုမကပ် မရပ်မနား အကောင်းတကာ့ အကောင်းဆုံးဖြစ်အောင်လည်း စီစဉ်
ပေးတဲ့အတွက် ယခုနှစ်တွင် ယခင်နှစ်များထက် ပွဲချီများတိုးတက်
များပြားလာတာကို တွေ့ရပါတယ် ။ အဆိုတော်များ တီးမှုတ်သူများ
ကိုလည်းတိုးချဲ့ ဖွဲ့စည်းထားရုံမက အသံပိုင်းဆိုင်ရာ စက်ပစ္စည်း
အသစ်များကိုလည်း ထပ်မံဝယ်ယူဖြည့်တင်းထားသဖြင့် ပရိသတ်များ
နားသောတဆင်ရာတွင်လည်း ကျေနပ်မှုများ ထူးကဲစွာရရှိပါတယ် ။
ဒါကြောင့်မို့ ပရိသတ်များရဲ့အားပေးမှုကို အထူးရရှိကာ မန္တလေးမြို့
ပေါ်ပွဲများအပြင် ရန်ကုန်မြို့ မြင်းခြံ မုံရွာ ရွှေဘို စစ်ကိုင်း မကွေး
ပေါင်းတည် ချောက် ဆိပ်ဖြူ စလေ ရေနံချောင်း မုဒုံ လားရှိုး ရေဦး
ခင်ဦး မြောင် ကျောက်ပန်းတောင်း မြစ်ငယ် ကျောက်ဆည် မိတ္ထီလာ
စတဲ့မြို့များကိုပါ သွားရောက်ဖျော်ဖြေပေးနေရကြောင်း ။ (ပုံတွင်) မြို့မ
အပျော်တမ်းတူရိယာအသင်းကြီး နဲ့အတူ အဆိုတော် သန်းမြတ်စိုး
စိုးစန္ဒာထွန်း တို့က ရေနံချောင်းမြို့ ဦးမင်းမင်းမောင် ဒေါ်စိန်ဝါ၀ါဦး
တို့ရဲ့ အလှူတော်မင်္ဂလာတွင် ဖျော်ဖြေနေကြစဉ် ။

မြို့မငြိမ်းကြေးရုပ်တုအတွက် အလှူငွေပေးအပ်ခြင်း

2-7-2011နေ့ နေ့လည် ၁:ဝဝနာရီအချိန်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ် ၂၁လမ်းနှင့် ၈၆လမ်းထောင့်ရှိ မြို့မအပျော်တမ်းတူရိယာအသင်းတိုက်၌ ရန်ကုန်မြို့
မှ အလင်္ကာဝတ်ရည်တေးဂီတ ဦးမောင်မောင်အေးနှင့်မိသားစုက
မြို့မငြိမ်းကြေးရုပ်ဖြစ်မြောက်ရေးအတွက် အလှူတော်ငွေ
၁,၁ဝဝ,ဝဝဝိ/(တစ်ဆယ့်တစ်သိန်းကျပ်) ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့မှ လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည် ။

မြို့မငြိမ်းကြေးရုပ်တုအတွက် အလှူငွေပေးအပ်ခြင်း



12-4-2010နေ့တွင် အလင်္ကာကျော်စွာမြို့မငြိမ်း နှစ်(၁ဝဝ)ပြည့်အထိမ်းအမှတ်
ကြေးရုပ်တုဖြစ်မြောက်ရေးအတွက် စင်္ကာပူရောက် မြန်မာများဖြစ်ကြသည့် ဦးကျော်ဝင်း ၊ ဦးဘိုဘိုဝင်း နှင့် ဦးသက်ဝင်းတင့် တို့မှ အလှူတော်ငွေ ကျပ်တစ်သိန်းတိတိ ကို လှူဒါန်းရာ အသင်းဥက္ကဌ ဒေါက်တာလှခိုင် ၊ ဦးခင်မောင်ဦး နှင့် ကိုသန့်ဇော်(မြို့မ)တို့က လက်ခံရယူကြပါသည် ။

မြို့တော်ဝန်မှ မြို့မတူရိယာအသင်းအား ချီးမြှင့်ငွေပေးအပ်



၁၉၉၆ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကြီးတွင် မြို့မအပျော်တမ်းတူရိယာအသင်းကြီးမှ ငွေငန်းအလှပြယာဉ်ကြီးဖြင့် မန္တလေးမြို့တွင် လှည့်လည်ဖျော်ဖြေခဲ့ရာ ယခုနှစ်တွင် ၁၆ကြိမ်တိုင်ခဲ့ပါပြီ ။ မန္တလေး စည်ပင်သာယာရေးကော်မီတီ မြို့တော်ဝန်များအသီးသီးမှလည်း နှစ်စဉ်နှစ်တိုင်း မဟာသင်္ကြန်အခါသမယတွင် မြို့မအပျော်တမ်းတူရိယာအသင်းကြီးအား ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြပါသည် ။ ယခုနှစ်တွင်လည်း 21-3-2011နေ့ နေ့လည် ၁:ဝဝနာရီတွင် မြို့တော်ဝန် ဦးဖုန်းဇော်ဟန်မှ မြို့မအပျော်တမ်းတူရိယာအသင်းကြီးအား ချီးမြှင့်ငွေ ကျပ်သိန်းသုံးဆယ်ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မီတီ အစည်းအဝေးခန်းမ၌ ပေးအပ်ရာ မြို့မတူရိယာအသင်းဥက္ကဌ ဒေါက်တာလှခိုင် နှင့် အလုပ်အမှုဆောင် ဦးသန့်ဇော်တို့မှ ကျေးဇူးတင်စွာဖြင့် လက်ခံရယူကြပါသည် ။

မြို့မငြိမ်းကြေးရုပ်တုအတွက် အလှူငွေပေးအပ်ခြင်း

17-3-2011နေ့ နေ့လည် ၁:ဝဝနာရီအချိန် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ် ၂၁လမ်းနှင့် ၈၆လမ်းထောင့် မြို့မအပျော်တမ်းတူရိယာအသင်းတိုက်၌ မန္တလေးမြို့ ၈၄လမ်းနှင့် ၂၆လမ်းထောင့် ဈေးချိုမြောက်ဘက်တိုက်တန်း မန္တလေးလမ်းညွှန် နာယက ဦးငွေသိန်းမှ မြို့မငြိမ်းကြေးရုပ်ဖြစ်မြောက်ရေးအတွက် အလှူတော်ငွေ ကျပ်ငါးသောင်း ၊ မန္တလေးမြို့ ၃၇လမ်း ၊ ၇၈လမ်းနှင့် ၇၉လမ်းကြားနေ ဦးခင်မောင်သန်း(တေးချစ်သူ) မြန်မာနိုင်ငံဂီတအစည်းအရုံး (မန္တလေးတိုင်းဒေသကြီး) မှ မြို့မငြိမ်းကြေးရုပ်ဖြစ်မြောက်ရေးအတွက် အလှူတော်ငွေ ကျပ်ငါးသောင်း အသီးသီးပေးအပ်လှူဒါန်းရာ အသင်းဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့မှ လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည် ။

မြို့မငြိမ်းကြေးရုပ်တုအတွက် အလှူငွေပေးအပ်ခြင်း

27-8-2010နေ့တွင် မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်းတိုက်၌ မြန်မာသီချင်းရေးဆရာများကလပ် ကုမ္ပဏီလီမိတက်ကိုယ်စား
တေးရေးဆရာမောင်သစ်မင်းမှ မြို့မငြိမ်းကြေးရုပ်ဖြစ်မြောက်ရေးအတွက် အလှူငွေ ကျပ်တစ်သိန်း ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့မှ လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည် ။

သင်ထောက်ကူ ဂီတသင်္ကေတစာအုပ်များနှင့် အလှူငွေပေးအပ်လှူဒါန်း

27.8.2010နေ့တွင် မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်းတိုက်၌ မန္တလေးမြို့ ၃၅လမ်း ၇၅x၇၆ကြား မြကေသီအင်ဂျင်ဝိုင်ရောင်းဝယ်ရေး ဦးတင်ထွန်း ဒေါ်နွဲ့နွဲ့ရီ မိသားစုမှ ပညာရေးအထောက်အကူပြု ရှေးတုန်းက ဂီတသင်္ကေတစာအုပ် 23အုပ် နှင့် မြို့မငြိမ်းကြေးရုပ်အတွက် အလှူငွေ ကျပ်ငါးသောင်း လှူဒါန်းသွားပါသည် ။

မြို့မငြိမ်းကြေးရုပ်တုအတွက် အလှူငွေပေးအပ်ခြင်း

25-7-2010နေ့တွင် အလင်္ကာကျော်စွာ မြို့မငြိမ်း နှစ်(၁ဝဝ)ပြည့်အထိမ်းအမှတ်
ကြေးရုပ်တုဖြစ်မြောက်ရေးအတွက် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၇၇လမ်း ၃၂×၃၃ကြား ၊ အမှတ်-၁၉၉ နေ VECပညာ့ရိပ်သာ ဒေါ်ဝင်းဝင်းမေ မှ အလှူတော်ငွေ ကျပ်သုံးသိန်းတိတိ ကို လှူဒါန်းရာ ကိုသန့်ဇော်(မြို့မ) နှင့် ကိုလွင်ဦး(မြို့မ)တို့က လက်ခံရယူစဉ် ။

မြို့မငြိမ်းကြေးရုပ်တုအတွက် အလှူငွေပေးအပ်ခြင်း

17-7-2010နေ့တွင် အလင်္ကာကျော်စွာ မြို့မငြိမ်း
နှစ်(၁ဝဝ)ပြည့်အထိမ်းအမှတ် ကြေးရုပ်တုဖြစ်မြောက်ရေးအတွက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင်လမ်း အောင်ချမ်းသာအိမ်ရာ တိုက်အမှတ်-၁ နေ SOE ELECTRIC & MACHINERY CO.,LTD မှ ဦးစိုးတင့် ဒေါ်ရင်နု မိသားစုမှ အလှူတော်ငွေ ကျပ်ငါးသိန်းတိတိ ကို မြို့မအသင်းတိုက်သို့ လာရောက်လှူဒါန်းသွားပါကြောင်း ။

မြို့မငြိမ်းကြေးရုပ်အတွက် အလှူငွေပေးအပ်ခြင်း

မြို့မအပျော်တမ်းတူရိယာအသင်းကြီးမှ ၂၀၁၀-ခု ဧပြီလ ၇ရက်နေ့ ညပိုင်း နဲ့ ၈ရက်နေ့ နံနက်ပိုင်း၌ မြင်းခြံမြို့ ချောင်းထောင့်ရပ်ကွက် အလှူတော်မင်္ဂလာပွဲတွင် သွားရောက်ဖျော်ဖြေခဲ့ပါတယ် ။ မြို့မ နဲ့ အငြိမ့်ခန်း အစီအစဉ်ဖြင့် မင်းသမီး တွယ်တာတုံ ၊ လူရွှင်တော်များဖြစ် ကြတဲ့ ဒီပါ ၊ ထင်ကျော် ၊ စွမ်းထက်အောင် တို့နဲ့ တွဲဖက်ပြီး မြို့မ တူရိယာအသင်းသား အသင်းသူများက သီဆိုကပြ အသုံးတော်ခံ တင်ဆက်ခဲ့တာပါ ။ ပရိသတ်များစွာရဲ့နှစ်ခြိုက်စွာ အားပေးခြင်းကို ခံခဲ့ရပါတယ် ။ ၎င်းအပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ နှစ်တစ်ရာ ပြည့် အထိမ်းအမှတ် ကြေးရုပ်တုဖြစ်မြောက်ရေးအတွက် အလှူငွေများ ပေးအပ်ရာ ၊ မြင်းခြံ မြို့မတူရိယာအသင်း ဥက္ကဌ ဦးကျော်ထွန်းအေး မှ အလှူငွေ - ၅၀,၀၀၀ိ/- ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (မြင်းခြံမြို့နယ်) အလုပ်အမှုဆောင် ဒေါ်ခင်ဝင်းနွယ်မှ အလှူငွေ - ၅၀,၀၀၀ိ/- အသီးသီး လှူဒါန်း ပေးအပ်ရာ မန္တလေး မြို့မအပျော်တမ်းတူရိယာအဖွဲ့ မန်နေဂျာ ဦးဇော်ဝင်းသန်းက လက်ခံရယူပြီး အလှူရှင်များအား ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါတယ် ။

မြို့မငြိမ်း ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မီတီ စတုတ္ထအကြိမ်အစည်းအဝေး ကျင်းပခြင်း

အလင်္ကာကျော်စွာ ဆရာကြီးမြို့မငြိမ်း၏ နှစ်တစ်ရာပြည့်အထိမ်းအမှတ် ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မီတီ စတုတ္ထအကြိမ်မြောက် လုပ်ငန်းညှိနိုင်းအစည်းအဝေးကို 21-3-2010 တနင်္ဂနွေနေ့ မွန်းလွဲ ၁း၀၀နာရီအချိန်တွင် မြို့မတူရိယာအသင်းတိုက်၌ ကျင်းပပါသည် ။ အစည်းအဝေးတွင် ယခင်တင်ပြခဲ့သော ရုပ်တုပုံစံငယ်မှ လိုအပ်ချက်များကို ပြင်ဆင်ထားသည့် ဒုတိယရုပ်တုပုံစံငယ်ကို ကော်မီတီဝင်များအားလုံးက ကြည့်ရှုကြပြီး လိုအပ်သည်များကို ထပ်မံညှိနှိုင်းအတည်ပြုကြပါသည် ။ ၎င်းနောက် မြို့မငြိမ်း၏ သမီးဖြစ်သူ ဒေါ်ရီရီငြိမ်းမှ ကြေးရုပ်တုအတွက် မ,တည်ငွေ ကျပ်ဆယ်သိန်း နှင့် အခြားအလှူရှင်များအသီးသီးမှ လှူဒါန်းကြသော အလှူငွေများကိုပါ ပေးအပ်ရာ ၊ ကော်မီတီ ဥက္ကဋ္ဌ ဒေါက်တာလှခိုင်မှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည် ။ ထို့နောက် လုပ်ငန်းစ,တင်လုပ်ကိုင်နိုင်ရန်အတွက် စရန်ငွေများကိုလည်း ပေးအပ်ရာ ၊ ကြေးရုပ်ကို တာဝန်ယူလုပ်ကိုင်ပေးမည့် မန္တလေးမြို့ တမ္ပ၀တီ ကြေးသွန်းရပ် ပြည့်ဝကြေးသွန်းလုပ်ငန်း ဦးလှမြင့်၏သား- ကိုအောင်အောင်မှ လက်ခံရယူပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းလိုက်ပါသည် ။ ကြေးရုပ်၏အရွယ်အစားမှာ မူလလူအရွယ်အစား၏ တစ်ဆခွဲခန့်ကြီးမည်ဖြစ်ပြီး ၊ ကြေးရုပ်ပြုလုပ်ရမည့် အချိန်ကာလမှာ ၅လခန့် ကြာမြင့်မည်ဟု သိရပါသည် ။ ကြေးရုပ်ကြီးကို စကျင်ကျောက်ကလပ်ပေါ်တွင် တင်ထားပါမည် ။ ကြေးရုပ်၏ အကြမ်းအားဖြင့် ကုန်ကျစရိတ် ကျပ်ငွေသိန်း၆၀ကျော် ကုန်ကျမည်ဖြစ်ပြီး ယနေ့ထိလာရောက်လှူဒန်းကြသော အလှူငွေ ကျပ်သိန်း၃၀ကျော်ရရှိပြီး ဖြစ်ပါသည် ။ ပြည်တွင်းပြည်ပမှ အလှူငွေပါဝင်လှူဒါန်းလိုသူများ မြို့မတူရိယာအသင်းမှ တာဝန်ရှိသူများနှင့် ကြေးရုပ်ဖြစ်မြောက်ရေး ကော်မီတီဝင်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည် ။

Photos

Loading…
  • Add Photos
  • View All

Notes

မြို့မတူရိယာအသင်း၏ 2012ခုနှစ် Febuaryလအတွက် ပွဲတီးဇယား

 1-2-2012. Utopia ခန်းမ ၂၂လမ်းx၈၂လမ်း ( နံနက်ပွဲ ) ။

 3-2-2012. မြို့တော်ခန်းမ-၁ ( နံနက်ပွဲ ) ။ ပဒတ်တိုင်းရွာ ( ညပွဲ ) ။

 4-2-2012. Oriental House ခန်းမ (နံနက်ပွဲ) ၊ ပဒတ်တိုင်းရွာ ( နံနက်ပွဲ ) ၊ ဈေးချိုဟိုတယ်ခန်းမ ( နေ့လည်ပွဲ ) ။

 5-2-2012. Oriental House ခန်းမ ( နံနက်ပွဲ ) ။

 7-2-2012. ပုသိမ်ကြီးခန်းမ ( နံနက်ပွဲ ) ။

 8-2-2012. ကျောက်ဆည်ခန်းမ ( ညပွဲ ) ။

 9-2-2012. Oriental House ခန်းမ ( နံနက်ပွဲ ) ၊ ကျောက်ဆည်ခန်းမ ( နံနက်ပွဲ ) ။

10-2-2012.…

Continue

Created by Thant Zaw (Myoma) , Mandalay. Feb 8, 2012 at 8:47am. Last updated by Thant Zaw (Myoma) , Mandalay. Feb 8.

သည် Website လုပ်ရတဲ့ရည်ရွယ်ချက်သည်

♦မြန်မာနိုင်ငံအတွင်း၌သာမက တစ်ကမ္ဘာလုံး မြို့မတူရိယာအသင်းကြီး၏ဂီတရေစီးကြောင်း အတွင်းတွင် ပါဝင်စီးမြောနိုင်စေရန် ♦မြန်မာဆန်သော မြန်မာ့သီချင်းများကို နှောင်းခေတ်လူကြီးများသာမက ယနေ့ခေတ်လူငယ်များ ခံစားတတ်စေရန် ♦အမြဲမရိုးနိုင်သော မြို့မ၏သတင်းများကို အစဉ်မပြတ်သိရှိနိုင်ရန် ♦ မြို့မတူရိယာအသင်းကြီး၏ သတင်းများကို ပြည်သူများ အချိန်နှင့်တပြေးညီသိရှိနိုင်စေရန်အတွက် ဖြစ်ပါသည်။ Member အချင်းချင်း ထိခိုက်နစ်နာစေသောအသုံးအနှုံးများ သုံးနှုံးရေးသားခြင်း
နိုင်ငံရေးနှင့်ပါတ်သက်သော စာအရေးအသား/ဓာတ်ပုံ/သီချင်း/ဗွီဒီယိုဖိုင်များအား လုံးဝ(လုံးဝ)ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ၄င်းစည်းကမ်းများကိုလိုက်နာခြင်းမရှိပါက
ဖြေရှင်းချက်တောင်းခံလိမ့်မည်မဟုတ်ပဲ Member အဖြစ်မှ ရာသက်ပန် ထုတ်ပယ်ပါမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

Latest Activity

Profile Icon

img020

Photo posted by Dr Hla Khaing 12 minutes ago
Profile Icon
Steve Breaston is now a member of . 20 hours ago
Profile Icon

မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်းကြီးမှ အာရှအလင်းရောင် ဖောင်ဒေးရှင်း ကုသိုလ်ဖြစ်ဆေးခန်း မန္တလေးအတွက် အလှူငွေလှူဒါန်း at Mandalay

Thumbnail
February 22, 2012 from 6pm to 7pm
22-2-2012နေ့တွင် မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်းကြီးမှ အာရှအလင်းရောင် ဖောင်ဒေးရှင်း ကုသိုလ်ဖြစ်ဆေးခန်း မန္တလေးအတွက် လှူဒါန်းသောအလှူငွေ ကျပ်တစ်သိန်းတိတိကို မြို့မအပျော်တမ်းတူရိယာအသင်း၏အလုပ်အမှုဆောင်အဖွဲ့ဝင်ဦးသန့်ဇော်(မြို့မ)က ပေးအပ်လှူဒါန်းရာ အာရှအလင်းရောင်ဖောင်ဒေးရှင်းမှ တာဝန်ခံဆရာဝန်ဒေါက်တာထင်လင်းက လက်ခံရရှိပါသည် ။See More
Event posted by Thant Zaw (Myoma) , Mandalay. yesterday
Profile Icon
ThumbnailThumbnail
Johnson, Wesley and Larry Fitzgerald joined . yesterday
Profile Icon
Larry Fitzgerald is now a member of . Saturday
Profile Icon
ThumbnailThumbnail
Larry Fitzgerald and waiyantun joined . Feb 16
Profile Icon

waiyan

Photo posted by waiyantun Feb 16
Profile Icon
ThumbnailThumbnailThumbnail
Jimmy, Green, myo win and Larry Fitzgerald joined . Feb 15
Profile Icon
Aung Phyo Min is now a member of . Feb 9
Profile Icon
minkyawyu is now a member of . Feb 8
Profile Icon

မြို့မတူရိယာအသင်း၏ 2012ခုနှစ် Febuaryလအတွက် ပွဲတီးဇယား

1-2-2012. Utopia ခန်းမ ၂၂လမ်းx၈၂လမ်း ( နံနက်ပွဲ ) ။ 3-2-2012. Oriental House ခန်းမ ( နံနက်ပွဲ ) ၊ ( နေ့လည်ပွဲ ) ၊ ( ညပွဲ ) ။ 4-2-2012. Oriental House ခန်းမ ( နံနက်ပွဲ ) ၊ ( နေ့လည်ပွဲ ) ၊ ( ညပွဲ ) ။ 5-2-2012. Oriental House ခန်းမ ( နံနက်ပွဲ ) ၊ (…
Note posted by Thant Zaw (Myoma) , Mandalay. Feb 8
Profile Icon
LaRod Stephens-Howling is now a member of . Feb 5
Profile Icon
ThumbnailThumbnailThumbnail
Profile Icon
Billups, Chauncey is now a member of . Feb 1
Profile Icon
Myint Soe is now a member of . Jan 28
Profile Icon
ThumbnailThumbnail
 
 
 

Events

Forum

aung

မြို့မကိုမြို့လူထုကချစ်တယ်။

Started by aung in Uncategorized Dec 13, 2011. 0 Replies

မြို့မကိုမြို့လူထုကချစ်တယ်။ မြို့လူထုကိုမြို့မကလေးစားသင့်တယ်။ တီးဝိုင်းကို ၀ိုင်းတွေခြွှဲပီးပရိတ်သတ်ကို မလှည့်စားသင့်ဘူး။ မြို့မ အရည်အသွေးကိုထိမ်းသင့်တယ်။ တစ်နှစ်တစ်ခါ သင်္ကြန်အခါမှပေါ်လာတဲ့ငွေငန်းလည်း ဘာမှ အထူးအဆန်းမဖြစ်တော့ဘူး။ နေရာတကာ ငွေငန်းကြီးကိုမမြင်ချင်အဆုံး။ မြင်ပါများရင်ပျယ်တတ်တယ်နော် မြို့မ ဆရာတို့.....Continue

မန္တလာသား

မြို့မ အပျော်တမ်းတူရိယာ အသင်း website မိတ်ဆက်သတင်း

Started by မန္တလာသား in Uncategorized. Last reply by နန်းရှင် Sep 3, 2011. 3 Replies

မြို့မ အပျော်တမ်းတူရိယာ အသင်း website မိတ်ဆက်သတင်း ကို www.ourmandalay.net မှာ ဖော်ပြထားရှိပါတယ်။ခွင့်ပြုမယ်လို့လဲ မျှော်လင့်ပါတယ်။မြို့မ အသင်းရဲ့ လှုပ်ရှားမှုသတင်းများကိုလည်း မျှဝေ ဖော်ပြခွင့်ပြုဖို့နဲ့ လှုပ်ရှားမှုသတင်းများကိုလည်း သိရှိလိုပါကြောင်း . . .Continue

Tags: www.ourmandalay.net, ourmandalay, news

Maung Maung Than

မြို မငြိမ်း နှစ်တရာပြည့်စာအုပ်

Started by Maung Maung Than in Uncategorized. Last reply by Maung Maung Than May 30, 2011. 3 Replies

မတင်မကျ (၂) လွင်ဦးမြို့ မ၏ သမိုင်းပြောင်တဲ့ စစ်ကိုင်းတောင် ဆောင်းပါးကို ဝေဖန်စရာ သိပ်မရှိလှပါ၊ ဆောင်းပါးဖတ်ရင်း ဆရာ အောင်ကျော်တိုး၏ ကိုမောင်မောင်သန်း မြို့ မငြိမ်းအမှတ်တရလုပ်မယ်ဆိုရင် စာသားတွေ သတိထားဗျာ၊ ကိုပေါတို့  လူစုက စာသားအမှားတွေ ကြားရရင် မျက်ရည်တောက်တောက်ကျလာတဲ့လူစားတွေ လို့ သတိပေးတာ ပြန်သတိရမိပါတယ်၊ ကျွန်တော်တို့  ရန်ကုန်တက္ကသိုလ်အနုပညာအသင်းမှာ မြို့ မ ကရေစီဖြစ်ကြတုံးက ပွဲလုပ်မလို့  စီစဉ်နေကြတုံး သတိပေးတာပါ လွင်ဦးမြို့ မရဲ့ စစ်ကိုင်းတောင် စာသားများအတိုင်း ဒေါ်မာမာအေး ဆိုထားတာ ကျွန်တော်ဆီမှာ ရထားပါတယ်၊ ဘာမှပြောစရာမရှိပါဒါပေမဲ့ ဒါပေမဲ့ စာအုပ် စာမျက်နှာ ၂၁၇မှာ ဆရာမြို့ မငြိမ်း၏ ဂန္တ၀င်သီချင်းများ အပိုင်းမှာ သီချင်းစာသားက ဆရာ ကိုလွင်ဦး အမှားတွေလို့ ပြင်းပြင်းထန်ထန် ထောက်ပြထားတဲ့အတိုင်း ထဲ့သွင်းထားပါတယ်ခင်ဗျားကျွန်တော်တို့ က ဘယ်ဟာကိုယူရမှာပါလဲ။ ကော်မတီက ဒီကိစ္စကို မစဉ်းစားပါဘူးလားနောက်က စာသားတွေကို အများဆိုတဲ့အတိုင်းလုပ်ချလိုက်တာဟာ တပင်တပန်း ပြုစု တင်ပြထားတဲ့ ဆရာကိုလွင်ဦးကို ကျွန်တော့်အမြင်တော့ စော်ကားလိုက်တာပါပဲကော်မတီကရော ဒီလို တွေးရဲ့လား ဒီစာကို ဆရာကိုလွင်ဦး ဖတ်ရင်လဲ ဘယ်လိုဖြေမှာလဲအမှတ်တရ စာအုပ်ကြီးပါနောContinue

Booker

ဆရာမြို့ မငြိမ်းအကြောင်း..........

Started by Booker in Uncategorized. Last reply by Maung Maung Than May 30, 2011. 6 Replies

မင်္ဂလာပါ....ကျနော်က မန်းလေးသားတယောက်ပါ။ ဆရာမြို့ မငြိမ်းအကြောင်းတွေကို ဖတ်ချင်ပါတယ်ဖြစ်နိုင်မယ်ဆိုရင် အခန်းဆက်ပုံစံမျိုးအနေနဲ့  တင်ဆက်ပေးစေချင်ပါတင်ခင်ဗျာ.....။Continue

Htoo Nyo

မြို့မအသင်းကို ၀င်လိုလျှင်

Started by Htoo Nyo in Uncategorized. Last reply by Maung Maung Than Mar 9, 2011. 3 Replies

မြို့မအသင်းသားတစ်ဦးဖြစ်လိုလျှင် ဘာတွေလိုအပ်ပါသလဲခင်ဗျား။Continue

Tags: Questions

Nanda

မြို့မဧည့်ခံတေးများ

Started by Nanda in Uncategorized. Last reply by Maung Maung Than Mar 9, 2011. 5 Replies

ကျွန်တော် မြို့မဧည့်ခံတေးများကို လိုချင်ပါတယ်။Tape နဲ့ထွက်တာ ဘယ်နှစ်ခွေလည်းမသိဘူးအသင်းတိုက်မှာ ၀ယ်လို့ရသေးလားမသိပါ။ကျွန်တော်လိုချင်ပါတယ်။Continue

Han Kyi

သီချင်းတွေကို pdf နဲ့တင်သင့်တယ်ထင်တယ်။

Started by Han Kyi in Uncategorized. Last reply by Maung Maung Than Mar 9, 2011. 1 Reply

မြို့မရဲ့သီချင်း pdf တွေ၊ မြို့မရဲ့သမိုင်းကြောင်းတွေနဲ့ ပတ်သက်တဲ့ဓာတ်ပုံတွေနဲ့ထပ်ပြီးအားဖြည့်လိုက်ရင် ပိုပြီးပြည့်စုံ၊ အားကောင်းပြီး မြို့မကိုချစ်ကြသူတွေအတွက်လည်း ပိုပြီးဂုဏ်ယူစရာဖြစ်လာပါလိမ့်မယ်ခင်ဗျား။Continue

မန္တလာသား

ကြိုဆိုပါတယ်ခင်ဗျာ

Started by မန္တလာသား in Uncategorized Aug 3, 2010. 0 Replies

အခုလို  ပြန်လည် ရှင်သန်လာသော မြို့မရဲ့ ၀က်ဆိုဒ် အား ကြိုဆို ဂုဏ်ပြုလိုက်ရပါတယ်။မန္တလာသားContinue

Tun Aung Kyaw

မြူမှောင်ဝေကင်း

Started by Tun Aung Kyaw in Uncategorized. Last reply by မျိုးမင်းမင်း Apr 12, 2010. 31 Replies

မြူမှောင်ဝေကင်း သီချင်းကို စာသားအပြည့်အစုံလိုချင်ပါတယ်ခင်ဗျာ။ဖြစ်နိုင်ရင် ရေးသားပေးပါခင်ဗျာ။ကျွန်တော်အရမ်းကြိုက်နှစ်သက်တဲ့သီချင်းလေးမို့ပါContinue

Tags: မြူမှောင်ဝေကင်း

Tun Aung Kyaw

၂၀၁၀ မြန်မာနှစ်သစ်ကူးအတာသင်္ကြန်

Started by Tun Aung Kyaw in Uncategorized Apr 11, 2010. 0 Replies

၂၀၁၀ မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ပွဲအတွက်မန္တလေးတွင်ဆင်နွဲသောသတင်းများကို နေ့စဉ်ရက်ဆက်လက်လှမ်းမှီသလောက် တင်ပြပေးပါရန်မြို့မတူရိယာအဖွဲ့ကြီးနှင့်တကွ မန္တလေးသူ မန္တလေးသားများအားအထူးလေးစားစွာ တင်ပြအပ်ပါသည်ခင်ဗျား............ကျေးဇူးတင်စွာဖြင့်Tun Aung KyawContinue

Badge

Loading…

Birthdays

Birthdays Today

© 2012   Created by Thant Zaw (Myoma) , Mandalay..

Badges  |  Report an Issue  |  Terms of Service