.

မြို မငြိမ်း နှစ်တရာပြည့်စာအုပ်

မတင်မကျ (၂)

 

လွင်ဦးမြို့ မ၏ သမိုင်းပြောင်တဲ့ စစ်ကိုင်းတောင်

 

ဆောင်းပါးကို ဝေဖန်စရာ သိပ်မရှိလှပါ၊ ဆောင်းပါးဖတ်ရင်း ဆရာ အောင်ကျော်တိုး၏ ကိုမောင်မောင်သန်း မြို့ မငြိမ်းအမှတ်တရလုပ်မယ်ဆိုရင် စာသားတွေ သတိထားဗျာ၊ ကိုပေါတို့  လူစုက စာသားအမှားတွေ ကြားရရင် မျက်ရည်တောက်တောက်ကျလာတဲ့လူစားတွေ လို့ သတိပေးတာ ပြန်သတိရမိပါတယ်၊ ကျွန်တော်တို့  ရန်ကုန်တက္ကသိုလ်အနုပညာအသင်းမှာ မြို့ မ ကရေစီဖြစ်ကြတုံးက ပွဲလုပ်မလို့  စီစဉ်နေကြတုံး သတိပေးတာပါ

 

လွင်ဦးမြို့ မရဲ့ စစ်ကိုင်းတောင် စာသားများအတိုင်း ဒေါ်မာမာအေး ဆိုထားတာ ကျွန်တော်ဆီမှာ ရထားပါတယ်၊ ဘာမှပြောစရာမရှိပ

 

ါဒါပေမဲ့ ဒါပေမဲ့ စာအုပ် စာမျက်နှာ ၂၁၇မှာ ဆရာမြို့ မငြိမ်း၏ ဂန္တ၀င်သီချင်းများ အပိုင်းမှာ သီချင်းစာသားက ဆရာ ကိုလွင်ဦး အမှားတွေလို့ ပြင်းပြင်းထန်ထန် ထောက်ပြထားတဲ့အတိုင်း ထဲ့သွင်းထားပါတယ်ခင်ဗျားကျွန်တော်တို့ က ဘယ်ဟာကိုယူရမှာပါလဲ။ ကော်မတီက ဒီကိစ္စကို မစဉ်းစားပါဘူးလားနောက်က စာသားတွေကို အများဆိုတဲ့အတိုင်းလုပ်ချလိုက်တာဟာ တပင်တပန်း ပြုစု တင်ပြထားတဲ့ ဆရာကိုလွင်ဦးကို ကျွန်တော့်အမြင်တော့ စော်ကားလိုက်တာပါပဲ

ကော်မတီကရော ဒီလို တွေးရဲ့လား ဒီစာကို ဆရာကိုလွင်ဦး ဖတ်ရင်လဲ ဘယ်လိုဖြေမှာလဲအမှတ်တရ စာအုပ်ကြီးပါနော

Views: 55

Reply to This

Replies to This Discussion

မတင်မကျ နံပါတ်(၃)

ဂီတာ မင်းမင်းဦး(ဂီတနက်သန်)

ငြိမ်းနှစ်ငြိမ်းနှင့် ပျော်ဘွယ် မြို့ မသန်းနွယ်

 

ဂီတနက်သန် ကိုစောညိမ်း၏ နောက်ဆုံးလက်ရာ သစ္စာ သီချင်းကို ပထမဆုံး အသံလွှင့်ရုံမှ သီဆို အသံလွှင့်ခဲ့သူ

သူအရိုက်အနှက်ခံရတဲ့ ဒဏ်ရာနဲ့  ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသရစဉ်က ကိုစောညိန်းရဲ့  ပြောစကားအရတော့

 

မြန်စာပြန့် မှထုတ်တဲ့ ကိုစောငြိမ်း အမှတ်တရစာအုပ်ထဲမှာ

 

သူနောက်ဆုံးရေးသား ၍ အသံလွှင့်လိုက်သော သီချင်းမှာ မိုးသက်လေနှင် ဖြစ်သည်။

 

ထိုညပင် ရဲကားနှင့် ဆေးရုံကြီးသို့  ပို့  ရသည်၊ ပခုံးက ဒဏ်ရာကြောင့် စကားမပြောနိုင်၊ အကြောသေသလို ဖြစ်သည်။

 

ဒါပေမဲ့ အဲဒီမြန်စာပြန့်  စာအုပ်ထဲမှာကိုပဲ ဂီတာကိုမြင့်ကြူဟာ ကိုစောညိန်းသည် မြို့မသန်းနွယ်အတွက် သစ္စာဟူသော သီချင်းကို ရေးပေးပြီး သုံးရက် အကြာတွင် ကွယ်လွန်သွားရခြင်း ဖြစ်သည် စသည်ဖြင့် အခု ကိုမင်းမင်းဦးရေးတဲ့ အတိုင်း ပြောခဲ့တယ်လို့ ပါ၇ှိပါတယ်၊ ကိုစောညိန်း ငွေရတုသဘင် အမှတ်တရ ကြည်ဦးရဲ့  ဆောင်းပါးပါ။

 

အဲဒီမှာ ရေးထားတဲ့ တခြား စာစုစာရင်း စသည် မိုးအစ မိုးအဆုံး ဆောင်းပါးတို့ကတော့

မိုးသက်လေနှင်ဟာ နောက်ဆုံး သီချင်းပါပဲ

မသေခင် သုံးရက်မှာ သစ္စာကိုရေးတယ်ဆိုတာကတော့ မဖြစ်နိုင်သလောက်

ဒါပေမဲ့လဲ အတူဆိုတီး ရေးခဲ့ကြတဲ့ ဆရာ ဦးအုန်းလွင်လို လူတွေက မြန်စာပြန့် စာစောင်တုန်းကလဲ မပြောကြ

အခုလဲ မပြောကြပါပဲ

 

ဆက်ရေးရင် ပုဂိုလ်ရေးတွေ ဖြစ်ကုန်ပါလိမ့်မယ်

ဒါပေမဲ့ ကျမ်းပြု စာတမ်းတစ်ခုလို ဆန်းစစ်နိုင်ဘို့ တော့ ဒီဆောင်းပါးဟာ ခံနိုင်ရည်မရှိဆိုတာကတော့ သေချာပါတယ်ခင်ဗျာ

ဒီဆောင်းပါးကို အမှန်ယူလိုက်ရင်လဲ မြန်စာပြန့်  ဆောင်းပါးများလို တခြားစာအုပ်တွေကို အမှားယူရပါအုံးမယ်

မဖြစ်သင့်ပါဘူးလေ

ဆရာဆူးငှက်ရဲ့  ဒဂုန်တာရာနဲ့  ဆရာကြီး မြမျိုးလွင်၊ ဆရာ မြို့ မငြိမ်းတို့ အကြားက အကြောင်းကတော့
အံ့အားသင့်စွာနဲ့ ပဲ မန္တလေးသားတွေမဟုတ်တဲ့ ကျွန်တော်တို့ အတွက် ရင်နာစွာနဲ့  စစ်ရဲ့ အနိဌာရုံကို သိလိုက်ရပါတယ်
အဲဒီဆောင်းပါးအတွက် တကယ်ကျေးဇူးတင်မိသလို အင်မတန်ကြိုက်ခဲ့တဲ့ လှကြစမ်းဗျာတတို့ သီချင်းကိုလည်း ဆရာငြိမ်းလိုပဲ မကြားချင်ဖြစ်လာလောက်အောင် ခံစားမိပါတယ်
ဒါပေမဲ့ ဒိခေတ်မှာ ဒီထက် ပိုပြီး ပြည့်ပြည့်စုံစုံ ဖေါ်ပြနိုင်ပြီထင်လို့  နောက်ဆက်တွဲ မည်သူမည်ဝါ စသဖြင့် သိခွင့် ရရင် ကောင်းမှာပါပဲခင်ဗျား
စစ်ကိုင်းတောင်စာသားတွေ အကြောင်းပြောလို့ ကျွန်တော်ရဘူးတဲ့ ချိုတေးသံစာအုပ်ထဲမှာ ပေါင်းချူပ်စာအုပ်ကြီးပါ
ပြုံးတဲ့မေသီချင်း ဆို ကိုလှမြငိ့လို့  ဖေါ်ပြထားပြီ
အညှိးရယ်သန် ဆိုတာရယ်
ဗိမာန်ရှင်မပွေ
နောက် ပြောင်သလိုလို ပြုံးတဲ့မေ စသဖြင့်
ထူးခြားတဲ့ စာသားတွေ တွေ့ ရပါတယ်၊ မိတ်ဆွေ လင်း(ဆေး ၁) ကတော့ ကိုလှမြင့် (သူ့ အခေါ်ပါ) တို့  ဆိုတုံးက အဲဒီလို ဆိုကြတယ်လို့ ပြောဘူးပါတယ်
ကျွန်တော်ကတော့ ဆရာငြိမ်း ပီသတယ်လို့ ဒီစာသားလေးတွေကို ထင်မြင်မိတယ်လေ
သိသူများ ရှင်းပေးကြပါဗျာ

Reply to Discussion

RSS

© 2012   Created by Thant Zaw (Myoma) , Mandalay..

Badges  |  Report an Issue  |  Terms of Service