.

မြူမှောင်ဝေကင်း သီချင်းကို စာသားအပြည့်အစုံလိုချင်ပါတယ်ခင်ဗျာ။
ဖြစ်နိုင်ရင် ရေးသားပေးပါခင်ဗျာ။
ကျွန်တော်အရမ်းကြိုက်နှစ်သက်တဲ့သီချင်းလေးမို့ပါ

Tags: မြူမှောင်ဝေကင်း

Views: 93

Reply to This

Replies to This Discussion

မြူမှောင်ဝေကင်း ငွေအဆင်း ဆန္ဒ (စန္ဒ)
ပြည်ထောင် တိုင်းမြန်ပြေ ငြိမ်းချမ်းအောင်ဆု
သွန်းခါရေ
အေးစေကြောင်း လောင်းတဲ့လုံမေ ထူးထူးကဲကဲ လှကြပါစေ ... x ၂

အဆင်ပြေ မြင်ရသူ ကြည်နူးလောက်ပေ
သံသာ ချိုမြမြ ဆိုတေးလေးတွေ
မန်းမြို့သူရဲ့ ဂုဏ်နဲ့ ညီပေ
ယဉ်ကျေးသူတွေ
မနှစ်ကပဲ လောင်းခဲ့တာတွေ
အေးအေးမြမြ မမေ့တဲ့နိုင်ပေ ... x ၂

သင်းပျံ့တဲ့
ရွှေ ပန်းပိတောက်တွေ တွဲရရွဲနဲ့လေ
ဆင်မြဲမြန်းကာ လှတဲ့မေ
ငွေငန်းမောင့်ကို လောင်းတဲ့ရေ
ဘေးဘယာ ဝေးကွာ ကင်းစင်ပမယ်လေ ...

သင်းပျံ့တဲ့
ရွှေ ပန်းပိတောက်တွေ တွဲရရွဲနဲ့လေ
ဆင်မြဲမြန်းကာ လှတဲ့မေ
ငွေငန်းမောင့်ကို လောင်းတဲ့ရေ
ဘေးဘယာ ဝေးကွာ ကင်းစင်ပမယ်
သည်ရေ ပွဲသင်္ကြန်ရေ ...

တေးရေး - မြို့မလေးလေးရင်
စာသားတွေ အားလုံးနီးပါး မှန်ပါတယ် ။ ( သင်းပျံ့တဲ့ ) ဆိုတဲ့စာသားလေးတော့ မှားနေပါတယ် ။ စာသားအမှန်က ( သင်းပျံ့နေ )ပါ ။
ဟုတ်ကဲ့.. စာသားအမှန်ပြင်ပေးတာ အများကြီး ကျေးဇူးတင်ပါတယ် ဦးသန့်ဇော်။
မြို့မရဲ့ သီချင်း အတော်များများကို နှစ်သက်ပေမယ့် တချို့စာသားတွေကို သေသေချာချာလိုက်မမီတာ ဝန်ခံပါတယ်။
စာသားအမှန်ကို အောက်မှာ အစုံအလင် ပြန်ကူးထားပါတယ် ကိုထွန်းအောင်ကျော်။



မြူမှောင်ဝေကင်း

မြူမှောင်ဝေကင်း ငွေအဆင်း ဆန္ဒ (စန္ဒ)
ပြည်ထောင် တိုင်းမြန်ပြေ ငြိမ်းချမ်းအောင်ဆု
သွန်းခါရေ
အေးစေကြောင်း လောင်းတဲ့လုံမေ ထူးထူးကဲကဲ လှကြပါစေ ... x ၂

အဆင်ပြေ မြင်ရသူ ကြည်နူးလောက်ပေ
သံသာ ချိုမြမြ ဆိုတေးလေးတွေ
မန်းမြို့သူရဲ့ ဂုဏ်နဲ့ ညီပေ
ယဉ်ကျေးသူတွေ
မနှစ်ကပဲ လောင်းခဲ့တာတွေ
အေးအေးမြမြ မမေ့တဲ့နိုင်ပေ ... x ၂

သင်းပျံ့တဲ့
ရွှေ ပန်းပိတောက်တွေ တွဲရရွဲနဲ့လေ
ဆင်မြဲမြန်းကာ လှတဲ့မေ
ငွေငန်းမောင့်ကို လောင်းတဲ့ရေ
ဘေးဘယာ ဝေးကွာ ကင်းစင်ပမယ်လေ ...

သင်းပျံ့နေ
ရွှေ ပန်းပိတောက်တွေ တွဲရရွဲနဲ့လေ
ဆင်မြဲမြန်းကာ လှတဲ့မေ
ငွေငန်းမောင့်ကို လောင်းတဲ့ရေ
ဘေးဘယာ ဝေးကွာ ကင်းစင်ပမယ်
သည်ရေ ပွဲသင်္ကြန်ရေ ...

တေးရေး - မြို့မလေးလေးရင်

Thant Zaw (Myoma) , Mandalay. said:
စာသားတွေ အားလုံးနီးပါး မှန်ပါတယ် ။ ( သင်းပျံ့တဲ့ ) ဆိုတဲ့စာသားလေးတော့ မှားနေပါတယ် ။ စာသားအမှန်က ( သင်းပျံ့နေ )ပါ ။
ဟုတ်ကဲ့ခင်ဗျာ
အခုလိုစာသားရေးပေးတာရော
စာသားမှန်ပြင်ပေးတာရော
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ
သင်္ကြန် သီချင်းစာသားများကို www.ourmandalay.net တွင်ဖော်ပြရန် ကူးယူထားပါတယ်ဗျာ .. .
အခြား သင်္ကြန် သီချင်းစာသားများလဲ အလွယ်တကူရှိရင် ၀ိုင်းဝန်းဖော်ပြပေးစေလိုပါတယ်။
ကျေးဇူးတင်လျက်
မန္တလာသား
ငယ်ငယ်ကတည်းက နှစ်ခြိုက်ခဲ့တဲ့ မြို့မအသင်းကြီး ယခုလို ခေတ်နဲ့အမှီရင်ဘောင်တန်းပြီး အင်တာနက်စာမျက်နှာပေါ်မှာ ပေါ်ထွက်လာတာဟာ တကယ်ကိုကောင်းမွန်လှပါတယ်.......။ မြို့မ..ရဲ့သီချင်းများနှင့်အတူ... အမြဲရှင်သန်နေတဲ့... ဆရာမြို့မငြိမ်းလည်း ကြားရင် သိပ်ဝမ်းသာရှာမှာ.........ဗျာ....။
ကျွန်တော်လည်းဝမ်းသာတယ်ဗျာ ။ သက်ြန်သီချင်းလေးတွေ ၇ှိ၇င်တင်ပေးပါလားဗျာ။ မြို့ မငြိမ်းေ၇းတဲ့ သီချင်းတွေကို နော်။။
အန်ကယ်..ဦးသန့်ဇော်ခင်ဗျာ..မြူမှောင်ဝေကင်းက...... ဦးမောင်မောင်လေး ရေးတာ မဟုတ်လားခင်ဗျ...။ ဖိုးသောကြာရဲ့သင်္ကြန်အခွေမှာ တွေ့လိုက်ရပါတယ်။.......

စခရင်ရှု ရိုက်ထားပါတယ်....... http://i45.tinypic.com/dnlo1y.jpg ရွှန်းမှီရေး ထားတာကရေးသူက မြို့မလေးလေးရင် ဆိုလို့ပါ။ အဲ့ဒါလေး ရှင်းပြပေးစေလိုပါတယ်....

မောင်သစ္စာ
ကိုသစ္စာ ခင်ဗျား
ကျွန်တော်သိရသလောက်ကတော့ " မြူမှောင်ဝေကင်း"သီချင်းကိုရေးစပ်သူက မြို့မလေးလေးရင် ဖြစ်ပါတယ်
အနော့်မှာလည်း မြို့မငြိမ်းရေးဖွဲ့ခဲ့သော သင်္ကြန်သီချင်းတွေစုထားတဲ့ စာအုပ်ရှိတယ်ဗျ...
တင်ပေးမယ်နော်...
ဟုတ်...ကဲ့ အန်ကယ် ဦးသန့်ဇော်... ကျွန်တော်က ကွဲလွဲတာလေးတွေ့မိလို့ပါတယ်... ဘယ်လိုလုပ်၊ ဖိုးသောကြာခွေမှာ ဦးမောင်မောင်လေး ဖြစ်နေသလဲ မသိဘူး...။ ထုတ်လုပ်သူတွေ သေချာစီစစ်သင့်တယ်ဗျ...။ ကျေးဇူးအထူးတင်ပါတယ်။ အန်ကယ်
# မှန်တာပေါ ကိုသစ္စာရယ် အများကြီး စိစစ်သင့်တာပေါဗျာ .......................
" မြူမှောင်ဝေကင်း"သီချင်းကိုရေးစပ်သူအမှန်က မြို့မလေးလေးရင် လို့ ကျွန်တော်တို့က ခေါ်နေကြတဲ့ " မြို့မ ဦးရင်လေး " ဖြစ်တယ်ဆိုတာကို
ကျွန်တော် ရဲဝံ့စွာ အာမခံပါတယ် ။ ယုံယုံကြည်ကြည်သာ ကျွန်တော်ပြောတာကို လက်ခံလိုက်ပါခင်ဗျား ။ ကျေးဇူးတင်ပါတယ် ။

Reply to Discussion

RSS

© 2012   Created by Thant Zaw (Myoma) , Mandalay..

Badges  |  Report an Issue  |  Terms of Service