.

ဆရာမြို့ မငြိမ်းအကြောင်း..........

မင်္ဂလာပါ....
ကျနော်က မန်းလေးသားတယောက်ပါ။ ဆရာမြို့ မငြိမ်းအကြောင်းတွေကို ဖတ်ချင်ပါတယ်
ဖြစ်နိုင်မယ်ဆိုရင် အခန်းဆက်ပုံစံမျိုးအနေနဲ့  တင်ဆက်ပေးစေချင်ပါတင်ခင်ဗျာ.....။

Views: 63

Reply to This

Replies to This Discussion

မန္တလေးမြို့ ပန်းယွန်းကုန်သည် ဦးညီ ၊ ဒေါ်ချစ်ဦးတို့၏ သားနှစ်ယောက်အနက် သားကြီးဖြစ်သည်။ ဦးကျော်ငြိမ်းအား ခရစ်နှစ် ၁၉၀၉ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက် (၁၂၇၀ ခု တပို့တွဲလဆန်း ၅ ရက် ၊ တနင်္လာနေ့)တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့သည်။ မြို့မငြိမ်း၏ အမည်ရင်းမှာ ဦးကျော်ငြိမ်းဖြစ်သည်။ ဦးကျော်ငြိမ်းသည် ငယ်စဉ်ကပင် ပန်းချီနှင့် ဂီတကို ၀ါသနာ ပါခဲ့သည်။ စောင်းတီးပညာကို ရွာစားကြီး စိန်ဗေဒါနှင့် စောင်း ဦးမောင်မောင်ကြီး တို့ထံမှ ဆည်းပူး သင်ယူခဲ့သည်။ ခရစ်နှစ် ၁၉၂၈ ခုနှစ်တွင် မန္တလေးမြို့မတူရိယာအဖွဲ့ ကို ဦးကော်လုံ ဆိုသူက တည်ထောင်ခဲ့ရာ ဦးကျော်ငြိမ်းလည်း ပါဝင်ခဲ့သည်။ ဦးကျော်ငြိမ်းသည် မြို့မ အဖွဲ့သားအဖြစ် အနောက်တိုင်း တူရိယာ တီးနည်းနှင့် တူရိယာ သင်္ကေတ ပညာတို့ကို သင်ယူခဲ့သည်။ ၁၉၃၁ မှစ၍ သီချင်းများကို ရေးစပ်ခဲ့ရာ မြို့မငြိမ်း ဟူသော ဂီတစာဆို အမည်ကို ခံယူခဲ့သည်။

မြို့မငြိမ်းသည် ၁၉၂၅ ခုနှစ်တွင် သူနှင့် ဂီတဝါသနာတူ အပေါင်းအသင်းများဖြင့် မြို့မ တူရိယာအသင်းကို ဖွဲ့စည်းခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် ၎င်းအသင်းကြီး၏ ဂီတအခြေပြု ရည်ရွယ်ချက်များဖြစ်သော မြန်မာသီချင်းကြီးများ ဆည်းပူးပြန့်ပွားရေး၊ ကမ္ဘာ့ခေတ်မီ တူရိယာဝိုင်းကြီး ဖြစ်မြောက်ရေး အစရှိသည့် အချက်များဖြင့် တိုးချဲ့ခဲ့သည်။

မြို့မငြိမ်း ရေးသားခဲ့သော သီချင်းပေါင်း (၂၀၀) ခန့် ရှိသည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ပါရှိသည်။ မြို့မငြိမ်း၏ သီချင်းများအနက် ပထမဦးဆုံး တစ်တိုင်းပြည်လုံး ကျော်ကြားခဲ့သော သီချင်းမှာ “ချစ်ထာပဓာန” သီချင်း ဖြစ်သည်။ သီချင်းရေး သက်တမ်း (၂၄) နှစ်အတွင်း ကျော်ကြားခဲ့သော သီချင်းများမှာ ခင့်အိပ်မက် ၊ တစ်ချစ်ထဲ ချစ် ၊ မြင်းခင်းတော် ၊ နတ်သျှင်နောင် ၊ မေ့ပါနိုင် ၊ ပျို့မှာတမ်း ၊ သက်ဝေ ၊ ပါရမီတော် ၊ ချစ်ရဲဘော် ၊ မင်္ဂလာမောင်မယ် ၊ ငွေဇင်ယော် ၊ ပြုံးတဲ့မေ ၊ လေချိုသွေး စသော သီချင်းများ ဖြစ်ကြသည်။ မြို့မငြိမ်း သီချင်း စတင်ရေးသားခဲ့သော အချိန်၌ အနောက်တိုင်း တေးသွားများကို ပုံတူကုး၍ မြန်မာ စကားလုံး သွင်းကာ စပ်ဆိုသော အလေ့အကျင့် ခေတ်စားနေသော အချိန်ဖြစ်သည်။ သို့သော် မြို့မငြိမ်းသည် အနောက်တိုင်း ဂီတမှ သီချင်းစပ်နည်းကို မှီငြမ်းသော်လည်း တေးသွားကို ခိုးချခြင်း မပြုပဲ သူ၏ ပင်ကိုယ်ဂီတဉာဏ်ဖြင့်သာ ကိုယ်ပိုင် တေးသွားများ ရေးစပ်ခဲ့သည်။

မြို့မငြိမ်းသည် သီချင်းရေးဂီတဘက်တွင်သာ ၀ါသနာ ပါသည်မဟုတ်ပဲ ပန်းချီပန်းပု ပညာရပ်များတွင်လည်း ၀ါသနာပါသည်။ ထိုပညာရပ်များတွင်လည်း အတော်ပင် လက်ရာမြောက်ခဲ့သည်။ ရှေးသီချင်းကြီင်္းများကို မူမှန်သတ်မှတ်ရေး အထက်မြန်မာပြည် ကော်မတီ အဖွဲ့တွင် လူကြီးတစ်ဦးအဖြစ်၎င်း ၊ မန္တလေး ရုပ်ရှင် ကုမ္ပဏီတွင် ဂီတဘက်ဆိုင်ရာ ဒါရိုက်တာအဖြစ်၎င်း ဆောင်ရွက်နေခဲ့သည်။

အသက် (၂၂) နှစ်အရွယ်တွင် မသန်းသန်းဆိုသူနှင့် အိမ်ထောင်ကျခဲ့၍ သားသမီး (၁၃) ယောက် ထွန်းကားခဲ့သည့်အနက် ကွယ်လွန်ချိန်တွင် (၈) ယောက် ကျန်ရစ်ခဲ့သည်။ မြို့မကိုရွှန်းမြိုင်သည် မြို့မငြိမ်း၏ သားဖြစ်သည်။

from  http://wikimyanmar.co.cc/wiki/index.php?title=မြို့မငြိမ်း

မနေ့  ညက သီချင်းမြစ်ဖြားမှာ ဆရာရွှမ်းက သင်္ကြန်လေညှင်းလုလင် သီချင်းကို အင်္ဂလိပ် ကဗျာတပုဒ်ကနေ အတွေးရတယ် သူတော့မမှတ်မိတော့ဘူးလို့  ပြောပါတယ်။

ကျွန်တော် အမှတ်မမှားဘူဆိုရင်တော့ ဒေါ်အမာ့ စာအုပ်ထဲမှာ ထင်ပါ့

William Shakespeare's Mid Summer Night Dream ပြဇာတ်ထဲက နတ်သူငယ်လေး ဆိုတဲ့ သီချင်းကနေ အတွေးရတယ်လို့  ဖတ်ဘူးပါတယ်

ကျေးဇူးပါ....

အခုလည်း သင်္ကြန်နားနီးနေတော့ သင်္ကြန်သီချင်းတွေ ဖွင့်နေကြပြီပေါ့ ဘယ်လိုဘဲခေတ်သင်္ကြန်သီချင်းတွေထွက်နေပါစေ ဆရာမြို့ မငြိမ်းနဲ့ 

မြို့ မရဲ့  သီချင်းတွေကို မကျော်နိုင်ဘူးထင်ပါတယ်ဗျာ။ အဲလိုမျိုးသီချင်းတွေ အသစ်ရေးစပ်ဖြစ်မယ်ဆိုရင် အတော်ကောင်းမှနော် ဆိုလိုတာက

ရှေးမူအတိုင်းသံစဉ်တို့ ဘာတို့ ပေါ့.............။  ။

 

အဲဒါကြောင့် ဆရာဆူးငှက်ရဲ့  စာအုပ်က အဲဒီလို ဇာတ်သိမ်းထားတယ် ထင်တာပါပဲ
ရတနာမြေ သီချင်းလေ ရှိရင် တင်ပေးစေချင်ပါတယ် ....တီဗွီမှာတော့ ငြိမ်းငြိမ်းအိ ဆိုထားတာပါ
ကျွန်တော့် ဒေတာဘေ့စ်ထဲမှာ ဆရာငြိမ်းဟာ စစ်ပြီးခေတ်မပါ၊ သီချင်းနာမည်တွေထဲမှာ မေတ္တာဆိုတဲ့ စကားလုံး မသုံးခဲ့ဘူးဗျ

Reply to Discussion

RSS

© 2012   Created by Thant Zaw (Myoma) , Mandalay..

Badges  |  Report an Issue  |  Terms of Service