.

ဇာတိနွယ် (လက်ရည်တပြင်တည်း)

(မှတ်ချက် ။ ။ ဤသီချင်းကို လေဘာတ်ီမမြရင်က `လက်ရေတပြင်တည်း´ အမည်ဖြင့် သီဆိုခဲ့ပြီး
ယခုခေတ်တွင်လည်း ဦးဖူးအံ့က `လက်ရေတပြင်တည်း´ အမည်ဖြင့် ပြန်လည်သီဆိုရာ
`ကျမတို့ ရိုးရာဇာတိနွယ်´ အစား `မြရင်တို့ ဇာတိနွယ်´ ဟုပြင်ဆင်ပါသည်။)


ဇာတိနွယ်
ရေး - နန်းတော်ရှေ့ဆရာတင်
ဆို - မကြည်အောင်

လက်ရေတပြင်တည်း နှီးဒေါင်းလန်းတွေနဲ့ ၀ိုင်းဖွဲ့ကာစားကြသည်၊
ခင်မဒီရင် ခပ်ငယ်ငယ်က တေးဆိုကြ မြူးပျော်ကြ။
ဟေ့ သူငယ်ချင်းရေ ဒို့နယ်ပယ်တွင် မိုးသက်ကယ် ဆင်ရှစ်ခွင်ကမဲ
မိုးရွာမလိုလိုနဲ့ဘဲ ညီညွတ်ရေးနဲ့ အသက် ရှည်ရှည်ခင်ခင်မင်မင်
လက်ရေတပြင်တည်း ရှေးကထက်ပိုချစ်ကြတယ်။
တောရွာသူတို့အိမ်ဝယ်၊ မိန်ဘွယ်ပ ထမင်း မိုးမျှော် ငရုတ်သီးထောင်းနဲ့ ကိုဘိုကေရယ်၊
ဒေါင်းလန်းကြီးရဲ့အလယ်။ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်
လက်ရေတပြင်တည်း ရှေးကထက်ပိုချစ်ကြတယ်။
မိုးတိမ်ယံ အာကာဝယ် ယာလယ်ပြင်လမ်းမှာလ ထန်းပင်ထန်းလက် ထန်းရွက်တွေက
အသွယ်သွယ်ပါ မောင်ရယ်၊ ကျမတို့ ရိုးရာဇာတိနွယ်၊
အော် လမ်းစဉ် လမ်းဆက် လမ်းမျက်စိတောင်မှ လယ်ပါတယ်နော်ကွယ်၊
ပျိုရဲ့ညိုနွဲ့ ကြိုလှဲ့ပါဆံဆေကသွယ်။ ညီညွတ်ရေးနဲ့ …………………… ပိုချစ်ကြတယ်။
တံစို့ပေါ်မှာ ကင်တယ် မောင်ရယ်၊ ဆူရင်ခတ်ပြီး ဆူးပုပ်ကန်စွန်းပေါင်းနဲ့ ရေအင်တုံဝယ်၊
သောင်းပြောင်း ရောလို့ရယ်။ ညီညွတ်ရေးနဲ့ …………………… ပိုချစ်ကြတယ်။
ချောင်းပေါ်မှာ ဖြတ်လာတဲ့ ပတတ်ကလေး နီကျင်ကျင်ရယ်၊ နွယ်ကြိုးမျှင်နဲ့သွယ်၊
အော်ငယ်မူကို မဖျောက်နိုင်ဘူး ပျော်လောက်ဖွယ် လွမ်းပါဘိတယ်၊ ပျို့ဇာတိနွယ်၊
နှစ်တိုင်းဆက်ထွန် ကြက်သွန်ခင်းရဲ့အလယ်။ ညီညွတ်ရေးနဲ့ ………………….. ပိုချစ်ကြတယ်။


(ကိုပီကေ စီစဉ်သော မြန်မာသံစဉ်စာသား မှ)


Views: 33

Comment

You need to be a member of . to add comments!

Join .

Comment by Khet Htan on April 25, 2010 at 1:05pm
:P
Comment by sakargyi on April 23, 2010 at 9:22pm
ဟီးဟီ ..........ဟုတ်ပ
ခင်ဗျားပြောမှဘဲသီချင်းဟုတ်တော့တယ်။တော်သေးတယ်..........မိုးမျှော်ငရုတ်သီးထောင်းနဲ့ ကိုစကာရယ်ဖြစ်တော့မလို့ ဟီးဟိဟိ
အဲ့လိုတာဆိုရင်ရယ်စရာကြီးပ။။။ကိုနာမည်ကသီချင်းထဲမှာကြီးထည့်ဆိုခံရမှာနော် ။။ဟီးဟိ

ကျေးဇူးတင်ပါတယ်ဗျာ
စကာကြီး။။။။။။။။။။။
Comment by Khet Htan on April 22, 2010 at 7:23pm
sakargyi@ ကိုဘိုကေ ဆိုတာက ဟိုးခေတ်က ဘိုကေညှပ်တယ်ဆိုတာ တယ်ခေတ်ဆန်ပေတာကိုး။ ဘိုကေ (ခေါ်) ဆံပင်အတိုထားရင် အဲသဟာကို ကိုဘိုကေရယ်လို့ ညွှန်းခေါ်ကြတယ်။ မြရင် (သို့) ကြည်အောင် ဆိုတာကတော့ ဆိုတဲ့သူပေါ် မူတည်ပြီး ထည့်ဆိုတာပါပဲ။ ခင်ဗျားဆိုတော့ကာ ဆကာ ဖြစ်ရင် ဖြစ်မှာပေါ့ :D
Comment by sakargyi on April 21, 2010 at 2:27pm
ကိုဘိုကေရော၊ မကြည်အောင်ရောစုံနေတာဘဲ။
တပုဒ်နဲ့ တပုဒ်ကဘာလို့ မတူတာလဲ။
ပြောပါအုံး။
Comment by Khet Htan on April 19, 2010 at 7:20pm
ဒီမှာပါဗျာ http://www.youtube.com/watch?v=8LOjvtTgCcI
Comment by အောင်သူရဦး on April 19, 2010 at 12:59pm
ဆင်ပြေရင်အသံလေးပါ လုပ်ပါအုံးဗျ....။ ဒီသီချင်းရှိတဲ့ ၀က်ဘ်လင့်ခ်လေးကို ညွန်းပါလားခင်ဗျာ။ ဒီသီချင်းကို နားထောင်ချင်နေတာ ကြာပြီ။

© 2012   Created by Thant Zaw (Myoma) , Mandalay..

Badges  |  Report an Issue  |  Terms of Service